Blogs

Success isn’t by chance. It’s By Design.

Posted by Vanguard on: May 9, 2018

Cloud လို့ခေါ်တဲ့ အချက်အလက်သိမ်းထားသည့်စနစ်သည် စီးပွားရေးလုပ်ငန်းများကို မမှန်းဆနိုင်သည့် နည်းလမ်းများဖြင့် ဖွံဖြိုးပြောင်းလဲနေစေပါတယ်။ အဲ့ဒီနည်းပညာများကို အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် လွန်ခဲ့တဲ့ ဆယ်စနှစ် တစ်ခုတွင် အိပ်မက်ပင် မမက်ရဲခဲ့ကြပါဘူး။ ယခုအခါတွင် SAP မှ SAP Business ByDesign ဆိုတဲ့ Cloud product တွင် ယင်းနည်းပညာအသစ်ကိုသုံးပြီး စီးပွားရေး လုပ်ငန်းကြီးတစ်ခုလုံးရဲ ့လည်ပတ်မှုဖြစ်စဉ်တွေကို အသေးစိတ် စီမံခန် ့ခွဲပေးတဲ့ Enterprise Resource Planning (ERP) တွင် လည်းကောင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပိုမိုကောင်းမွန်လာအောင် ထောက်ပံ့ပေးနိုင်တဲ့ Business Intelligence (BI) တွင် လည်းကောင်း၊ မိမိ၏ အရောင်းပိုင်းတာဝန်ကို အသေးစိတ် [see more...]

သင့်လုပ်ငန်းရဲ့ အချက်အလက်တွေကို ဘယ်လိုလွယ်ကူစွာ ခွဲခြမ်းစိတ်ဖြာမလဲ။

Posted by Vanguard on: March 20, 2018

အသေးစား၊ အလတ်စား လုပ်ငန်းဖြစ်နေရင်တောင်မှ လုပ်ငန်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပိုပြီးကောင်းမွန်လာစေဖို့ ဆန်းစစ် သုံးသပ်စရာ အချက်အလက်တွေဟာ ရှိနေနိုင်ပါတယ်။ ယနေ့အချိန်မှာ Business Intelligence (BI) ဆိုတာဟာ အဖွဲ့အစည်းကြီးတွေနဲ့ နာမည်ကြီးလုပ်ငန်းတွေအတွက်သာ မဟုတ်တော့ပဲ အချက်အလက်စမ်းစစ်သုံးသပ်ဖို့ရာမှာ အသင့် အသုံးပြုနိုင်တဲ့ Solution တစ်ခု ဖြစ်လာပါပြီ ။ အရင်အချိန်တွေတုန်းကတော့ အချက်အလက်တွေကို Graph ဖြင့် ထုတ်ယူပုံဖော်နိုင်ဖို့ရာအတွက် Excel Spreadsheets တွေကနေ အချက်အလက်တွေကို ကိုယ်တိုင်ကိုယ်ကျ ဆွဲထုတ်ရယူမှုတွေ၊ တွက်ချက်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ အချို့သော လုပ်ငန်းစီမံခန့်ခွဲသူတွေမှာသာ အဆိုပါ အရည်အချင်းမျိုးရှိတာဖြစ်ပြီး၊ အသေးစားလုပ်ငန်းအများစုမှာတော့ အချက်အလက် ဆန်းစစ် သုံးသပ်သူ (သို့မဟုတ်) Data Scientists ဆိုတာ [see more...]

ကောင်းသောပြောင်းလဲခြင်း (သို့မဟုတ်) သင့်ရဲ့ လုပ်ငန်းကို ERP အသုံးပြုပြီး ချဲ့ထွင်ခြင်း။

Posted by Vanguard on: February 27, 2018

ကုမ္ပဏီတွေ ၊ စီးပွားရေး လုပ်ငန်းတွေဟာ ပိုမိုများပြားလာတဲ့ တောင်းဆိုလာမှုတွေ၊ အပြန်အလှန် အကျိုးသက်ရောက်မှု တွေနဲ့ အခက်အခဲတွေကို စီမံခန့်ခွဲနိုင်ဖို့ရာအတွက် တော်လှန်ပြောင်းလဲလာတဲ့ စီမံခန့်ခွဲမှု Software တွေကို လိုအပ်လာမှု ဟာလဲ အမြင့်ဆုံး အတိုင်းအတာတစ်ခု ဖြစ်လာခဲ့ပါတယ်။ အရင်အချိန်တွေတုန်းကတော့ စီးပွားရေး လုပ်ငန်းအများစုဟာ Accounting Software လောက်နဲ့ ကြိုးစားရပ်တည်ခဲ့ကြပေမယ့် Enterprise Resource Planning (ERP) မွေးဖွားလာခြင်း နဲ့ အတူ ဒီ ညီမျှခြင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုစီကို ဦးဆောင်လာခဲ့ပါတယ်။ ပထမဆုံး ပြောရမယ်ဆိုရင်တော့ Accounting Software ဆိုတာဟာ စာရွက်စာတမ်းတွေ၊ အရောင်းအဝယ် စာရင်းအင်းတွေကို လည်ပတ်ပေးနိုင်ဖို့ ရည်ရွည် ထားတဲ့ [see more...]

သင့်ရဲ့ စီးပွားရေး လုပ်ငန်းများကို Blockchain က ဘယ်လို သက်ရောက်မှုရှိစေမလဲ။

Posted by Vanguard on: February 14, 2018

ကမ္ဘာ့စီးပွားရေးကို နက်နဲသိမ်မွေ့စွာ သက်ရောက်လာမယ့် နည်းပညာတော်လှန်ပြောင်းလဲမှု တစ်ခုရှိနေပြီး၊ အဲ့ဒီအရာဟာ လူမဲ့မောင်းနှင်နိုင်တဲ့ကား မဟုတ်သလို augmented reality (AR) နည်းပညာတွေ ဒါမှမဟုတ် (3D printing) လို့ခေါ်တဲ့ သုံးဖက်မြင် ပုံနိုပ်ခြင်းတွေလဲ မဟုတ်ပါဘူး။ အဲ့ဒီ နည်းပညာကို ခေါ်ဆိုတာကတော့ Blockchain ပဲ ဖြစ်ပါတယ်။ အဲ့ဒါဟာ မကြာမှီဖြစ်လာမယ့် Computer Engineering မျိုးဆက်တွေမှာတော့ အသိမ်မွေ့ဆုံး ပြောင်းလဲတိုးတက်မှုတစ်ခုဖြစ်လာဖို့ သေချာသလောက်ပါပဲ။ Blockchain ဟာ အဆင့်သတ်မှတ်ချက် အတိုင်းအတာ တစ်ခုအထိ ယုံကြည်စိတ်ချဖို့ကောင်းခြင်း၊ တာဝန်ခံပေးခြင်းနဲ့ Electronic Transaction အမျိုးမျိုးတို့အတွက် ရှင်းလင်းစွာ နားလည် သဘောပေါက်စေခြင်း စတာတွေနဲ့ တည်ဆောက်ပေးထားတဲ့ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ် [see more...]

Enterprise Software တွေကို ၀ယ်ယူအသုုံးမပြုခင် စဉ်းစား ဆောင်ရွက်သင့်တဲ့ အချက် ၁၅ ချက်

Posted by Vanguard on: January 19, 2018

ယနေ့ခေတ်လို စျေးကွက်မှာ ပြိုင်ဆိုင်မှုတွေများလာပြီး နည်းပညာ အသုံးချမှုများလာတဲ့ စီးပွားရေး နယ်ပယ်ထဲမှာ လုပ်ငန်း တိုင်းလိုလိုဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ ထုတ်ကုန်စွမ်းအားတွေ တိုးတက်လာနိုင်ဖို့အတွက် နည်းပညာတွေကို အတက် နိုင်ဆုံး အပြည့်အဝ အသုံးချလျက်ရှိပါတယ်။ Cloud နည်းပညာလား၊ Artificial Intelligence (AI) နည်းပညာလား ဒါမှမဟုတ် ငွေပေးချေမှုစနစ်တွေလား စသည်ဖြင့် အရမ်းကို ကျယ်ပြောလာခဲ့ပါတယ်။ ကိုယ့်အဖွဲ့အစည်းအတွက် သေချာမှန်ကန်တဲ့ Software ကိုရွေးချယ်ခြင်းဟာလဲ အဖွဲ့အစည်းရဲ့ အောင်မြင်မှုအတွက် အဓိကကျတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Forbes နည်းပညာကောင်စီမှ အဖွဲ့ဝင် ၁၅ ဦးရဲ့ Software တစ်ခု ၀ယ်ယူမှုမပြုခင်မှာ လုပ်ငန်းရှင်တွေအနေနဲ့  ဘာတွေ ပြုမူဆောင်ရွက်သင့်လဲဆိုတဲ့ အကြံပြုချက်များကို [see more...]

အသေးစားလုပ်ငန်းရှင်များအတွက် ၂၀၁၈ ခုနှစ် မှာ ထားရမယ့် ရည်မှန်းချက် ၅ ခု ။

Posted by Vanguard on: January 11, 2018

၂၀၁၇ ခုနှစ်ကို သင့်အနေနဲ့ ကျော်ဖြတ်ခဲ့ပြီးပါပြီ ။ ၂၀၁၈ ခုနှစ်မှာ ဆက်လက်ပြီးအောင်မြင်မှုတွေရယူဖို့ အတွက် ပြင်ဆင်ရပါတော့မယ် ။ ဒီ့အတွက် အသေးစားလုပ်ငန်းရှင်များအတွက် ၂၀၁၈ မှာ ထားရှိရမယ် ရည်မှန်းချက် ၅ ခု ကို ဖော်ပြပေးလိုက်ပါတယ် ။ ၂၀၁၇ ခုနှစ်ကို ပြန်လှည် သုံးသပ်ပါ ။ ၂၀၁၇ ခုနှစ်ကို ကျော်ဖြတ်ခဲ့ပြီးပြီ ဆိုပေမယ့် ချန်ထားခဲ့လို့တော့ မရသေးပါဘူး ။ သင့်လုပ်ငန်းဟာ ဘယ်လို ပုံစံမျိုး ရှိခဲ့လဲဆိုတာနဲ့ အမြတ်အစွန်း အတွက် ဘယ်လိုလည်ပတ်မောင်းနှင်ခဲ့ တယ်ဆိုတာကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါသေးတယ် ။ ဘာတွေ ဖြစ်မလာခဲ့ဘူး လဲ ဆိုတာနဲ့ သင့် [see more...]

သင်ဟာ Cloud နည်းပညာကို အသုံးပြုမနေဘူးဆိုရင်တော့၊ သင်ဟာ ခေတ်နောက်ကျ နေပါပြီ။

Posted by Vanguard on: November 30, 2017

IDC 2018 ခန့်မှန်းချက်အရ အကယ်၍ သင်ဟာ Cloud နည်းပညာကို အသုံးပြုမနေဘူးဆိုရင်တော့၊ သင်ဟာ ခေတ်နောက်ကျ နေပါပြီ။ IDC Research ဟာ 2018 ခုနှစ်အတွက် ထိပ်တန်း ခန့်မှန်းချက် (၁၀) ခု ကို ထုတ်ပြန်ခဲ့ပြီး ဘာ့ကြောင့် စီးပွားရေးလုပ်ငန်း တိုင်းဟာ Digital-Native ဖြစ်ရမယ်ဆိုတာကို အဆိုပါ ခန့်မှန်းချက်မှာ ရှင်းလင်းတင်ပြထားပါတယ်။ IDC ရဲ့ Senior Vice President နဲ့ Chief Analyst ဖြစ်တဲ့ Frank Gens ဟာ “IDC FutureScape: Worldwide IT Industry 2018 Predictions.” ဆိုတဲ့ [see more...]

အသွင်ပြောင်းမလား ဒါမှမဟုတ် အရှုံးပေးမလား၊ Digital Economy ခေတ် မှာ သင်ဘာလုပ်မလဲ ။

Posted by Vanguard on: November 30, 2017

လက်ရှိ အချိန်မှာတော့၊ Digital Economy ဟာ အခွင့်အလမ်းတစ်ခုပဲ ဖြစ်လေမလား။ ဒါမှမဟုတ် အန္တရာယ်တစ်ခုပဲ ဖြစ်လေမလားဆိုတာကို စီမံခန့်ခွဲသူအများစုဟာ ကောင်းကောင်းကြီး သတိထားနေရပါပြီ။ ဒီမေးခွန်းဟာ စီမံခန့်ခွဲသူတွေ အနေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို Digital Economy နဲ့ ထိတွေ့ဆက်ဆံသင့်၊ မသင့် ဆိုတာမျိုးထက် ခေတ်သစ် နည်းပညာ တွေရဲ့အစွမ်းကို အသုံးပြုပြီး လုပ်ငန်းကိုပိုပြီး တိုးတက်ကောင်းမွန်လာအောင် ဘယ်လိုလုပ်မလဲ ၊ IT ပိုင်း ဆိုင်ရာ ရင်းနှီး မြုတ်နှံမှုတွေနဲ့ ကိုယ်တိုင် ဆန်းသစ်တီထွင်မှုတွေဟာ ကိုယ့်အတွက် အနှောက်အယှက်မရှိအောင် ဘယ်လို ဆောင်ရွက် မလဲဆိုတာမျိုးတွေအထိ ပြောချင်တာပါ ။ ယခုတိုင် စီမံခန့်ခွဲသူအများစုဟာ ဒီလို အပြောင်းအလဲ [see more...]

ယနေ့ခေတ် စျေးကွက်ဖော်ဆောင်သူတွေနဲ့ သတင်းအချက်အလက်

Posted by Vanguard on: November 1, 2017

ဆယ်စုနှစ်နှစ်ခုကျော်လောက် ဖြတ်သန်းအပြီးမှာ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာတန်ဖိုးတွေ ၊ အသုံးချမှုတွေနဲ့ အချက်အလက်တွေကို စီမံခန့်ခွဲမှုတွေဟာ သိသိသာသာ ပြောင်းလဲလာခဲ့ပါတယ် ။ တစ်ချိန်တုန်းက တစ်ကမ္ဘာ လုံးရဲ့ သိပ်အရေးမကြီးဘူးလို့ထင်ခဲ့ကြတဲ့ အချက်အလက်တွေကို မြန်နှုန်းမြင့်တွက်ချက်ပေးနိုင်တဲ့ Software တွေဟာ ယနေ့ခေတ်မှာတော့ စက်မှုလုပ်ငန်းတိုင်းနီးပါး လိုအပ်နေတဲ့ အရေးပါတဲ့ လိုအပ်ချက်တစ်ခု ဖြစ်နေ ပါပြီ ။အထူးသဖြင့် စျေးကွက်ဖော်ဆောင်သူတွေအနေနဲ့ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှု အပေါ်မှာပိုပြီး သိပ္ပံနည်း ကျကျ ချဉ်းကပ်လာကြပါပြီ ။ သတင်းအချက်အလက်တွေဟာ စျေးကွက်ဖော်ဆောင်သူတွေရဲ့ အကြီးမားဆုံး ပိုင်ဆိုင်မှုအဖြစ် မြင်နိုင်ရခဲ့ သော်လည်း စိန်ခေါ်မှုတွေကတော့ရှိနေဆဲပါ။ ဥပဒေသစ်များပေါ်ထွက်လာခြင်း၊ စားသုံးသူ မျှော်လင့်ချက် ဆက် လက်မြင့်မားနေခြင်းနှင့် စျေးကွက်ဟောင်းကိုဖြိုဖျက်၍ စျေးကွက်သစ် တီထွင်ဖောက်ထွက်မှု ခေတ်စားလာခြင်း [see more...]

Know Your Software: SAP Business One on HANA Vs MSSQL

Posted by Vanguard on: November 1, 2017

အကယ်၍ သင်ဟာ SAP Business One ERP Software ကို အသုံးပြုဖို့ စိတ်ကူးနေတယ်ဆိုရင် ဒါမှမဟုတ် SAP Business One ERP Software ရဲ့ Microsoft SQL Version ကို သုံးနှင့်ပြီးသား ဖြစ်နေမယ်ဆိုရင်  HANA နဲ့ ပတ်သတ်တဲ့ အကြောင်းအချက်တွေကို တော်တော်လေး ကြားဖူးထားလောက်မှာပါ။ ဆိုတော့ကား၊ SAP HANA ဆိုတာ ဘာလဲ။ SAP HANA နဲ့ Microsoft SQL ဆိုတာ SAP နဲ့ Microsoft တို့က အသီးသီး Develop လုပ်ထားတဲ့ RDBMS (Relational database [see more...]