What retail CEOs need to know to lead their business into the future စီးပြားေရးလုပ္ငန္းကို ဦးေဆာင္ဖုိ႔အတြက္ လက္လီအေရာင္း CEO မ်ား သိသင့္တဲ့အရာ

Unicode Version

World Retail Congress မှ The DNA of Future Retail CEO အမည်ရှိ ဆွေးနွေးပွဲမှာ ပြောကြားမှုအရ လက်လီအရောင်း CEO တွေ လက်ရှိနဲ့အနာဂတ်ကာလမှာ လိုအပ်တဲ့ နည်းပညာဆိုင်ရာ ထိပ်တန်းနည်းပညာစွမ်းရည်နှစ်ခုဟာ
၁။ ဒစ်ဂျစ်တယ်ကုန်သွယ်မှုနှင့် ဆက်သွယ်ရေးလမ်းကြောင်းအားလုံးကို နားလည်ခြင်း
၂။ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး မဟာဗျူဟာကျတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ခြင်း တို့ ဖြစ်တယ်လို့ဆိုပါတယ်။

ကျွမ်းကျင်ပညာရှင်တွေရဲ့ စကားဝိုင်းဆွေးနွေးပွဲဟာ လက်လီအရောင်း CEO တွေရဲ့ အနာဂတ်မှာ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ အရေးကြီးတယ်လို့ ဆို ပါတယ်။ Korn Ferry Institute ရဲ့ ယူကေရှိ လက်လီအရောင်း CEO တွေကို လေ့လာမှုအရ လက်လီအရောင်း CEO အသစ်တွေဟာ ငွေကြေးစီမံမှု နှင့် နည်းဗျူဟာပိုင်းမှာပါ အတွေ့အကြုံရှိထားဖို့ လိုအပ်တာကို တွေ့ရပါတယ်။

CEO တွေဟာ သူတို့ရဲ့ ကုမ္ပဏီ ကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ လက်လီအရောင်းကုမ္ပဏီတွေကို တစ်ယောက်တည်း စီမံခန့်ခွဲရတာမဟုတ်ပါဘူး။ သင့်တော်တဲ့နည်းပညာ၊ သင့်တော်တဲ့လူတွေနဲ့အတူ စီမံခန့်ခွဲခြင်းကပေါင်းစပ်ထားတဲ့ ကုန်သွယ်လုပ်ငန်းတွေမှာဆိုရင် အမှောင်ထဲမှာ သေနတ်နဲ့ ရမ်းသမ်းပစ်တာမျိုးနှင့် တိသေချာတဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေကို အခြေခံထားတဲ့ ကုမ္ပဏီမဟာဗျူဟာတစ်ခု ဖန်တီးခြင်းဟာခြားနားမှုဖြစ်စေနိုင်ပါတယ်။

လက်လီအရောင်း နည်းပညာက မြန်မြန်ဆန်ဆန်ပြောင်းလဲတာတော့ အမှန်ပါပဲ။ အပြောင်းအလဲတွေနဲ့အတူဆက်လက်လုပ်ဆောင်ရင်း အဲ့ဒီပြောင်းလဲမှုနဲ့အတူ စီမံခန့်ခွဲ မှုနိုင်နင်းခြင်းဟာ ခေါင်းဆောင်ဆန်တဲ့ CEO တစ်ယောက်ရဲ့ ပင်ကိုယ်အရည်အချင်းတစ်ခုပါလို့ ဟားဗတ် စီးပွားရေးကျောင်းရဲ့ သုတေသနက ပြောထားပါတယ်။ ပိုပြီးအရေးကြီးတာကတော့ ဟားဗတ်က သုတေသီတွေဟာ ခေါင်းဆောင်ဆန်တဲ့ CEO တစ်ယောက်ဖြစ်ခြင်းက ကုမ္ပဏီအတွက် ပိုကောင်းတဲ့အကျိုးရလဒ်တွေနဲ့ ဆက်နွှယ်နေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အသစ်လွင်ဆုံးနည်းပညာ၊ ဘဏ္ဍာရေး၊ လက်လီအရောင်းမှာခေတ်စားနေတဲ့အရာတွေမှာ လူတစ်ဦးတစ်ယောက်အနေနဲ့ ထိပ်ဆုံးရပ်တည်နေဖို့ အသုံးဝင်မဲ့ အချက်အချို့ ကိုဖော်ပြလိုက်ပါတယ်

၁) အရောင်းလမ်းကြောင်းတွေအားလုံးအတွက် ပေါင်းစပ်ကုန်သွယ်မှုနည်းပညာရှိခြင်း
ပေါင်းစပ်ကုန်သွယ်မှုဆိုတာက ဆက်သွယ်ရေးလမ်းကြောင်းအားလုံးထက် ခြေတစ်လှမ်းသာပြီး အဲ့ဒီမှာဆိုရင်အမျိုးမျိုးအစုံစုံကို အတူတကွပေါင်းစည်းပြီး တန်းတူပေါင်းစည်းစေတဲ့စနစ်နဲ့ ပလတ်ဖောင်းတစ်ခုဖြစ်အောင် လုပ်ထားတာ ဖြစ်ပါတယ်။ သင့်ရဲ့ကုမ္ပဏီက ဘယ်နေရာမှာ ဘာပဲရောင်းရောင်း သင့်ရဲ့ ဆော့ဖ်ဝဲကတော့ e-commerce (အီလက်ထရောနစ်ကုန်သွယ်မှု)၊ m-commerce (မိုဘိုင်းလ်ကုန်သွယ်မှု) နဲ့ လူချင်းတွေ့ဆုံရောင်းချမှုတွေအတွက် ပလတ်ဖောင်းတစ်ခုတည်းကနေ ဖြေရှင်းလို့ရတဲ့ ဆော့ဖ်ဝဲပဲ ဖြစ်သင့်ပါတယ်။ ဘယ်လိုမျိုးပေါင်းစည်းထားတာပဲဖြစ်ဖြစ် စနစ်တွေကို အတူတကွပေါင်းစပ်ခြင်းက ငွေကြေးပိုမိုကုန်ကျပါတယ်။ ပြီးတော့ အချက်အလက်တွေကို ရယူတဲ့နေရာမှာ အချိန်ပိုကြာမြင့်စေပြီး ဆက်သွယ်ရေးလမ်းကြောင်းအမျိုးမျိုးရဲ့ အချက်အလက်တွေကို ရယူတဲ့နေရာမှာဆိုရင် မကိုက်ညီတာမျိုးတွေလည်း ဖြစ်သွားနိုင်ပါသေးတယ်။ သေရေးရှင်ရေးတမျှ အရေးပါတဲ့ မဟာဗျူဟာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ လိုအပ်တဲ့ အသေးစိတ်အချက်အလက်တွေနဲ့ လွဲချော်နေပြီဆိုတဲ့သဘောပါပဲ။ ပေါင်းစည်းထားတဲ့စနစ်တစ်ခုဟာ လိုအပ်တဲ့အချက်အလက်တွေကို လွယ်ကူလျင်မြန်စွာ ပေးနိုင်တာကြောင့် နေ့စဉ်နဲ့အမျှရော ရေရှည်မှာပါ ပြုလုပ်ရမယ့် စီးပွားရေးဆုံးဖြတ်ချက်တွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

၂) စီးပွားရေးရဲ့ပင်မလုပ်ဆောင်မှုတွေအတွက် ပေါင်းစပ်ကုန်သွယ်မှုနည်းပညာရှိခြင်း
ပေါင်းစပ်ကုန်သွယ်မှုဟာ လက်လီအရောင်းလမ်းကြောင်းတွေနဲ့ ပတ်သက်တာတွေချည်းပဲ မဟုတ်ပါဘူး။ တကယ့် ပေါင်းစပ်ကုန်သွယ်မှုစနစ် အစစ်အမှန်ဆိုတာ ဖောက်သည်တွေဘက်ခြမ်းနဲ့ ဆာဗာဘက်ခြမ်းကို ကန့်သတ်ထားမှုမရှိဘဲ အတူတကွပြောဆိုနိုင်ခွင့်ပေးထားပါတယ်။ ဆိုလိုတာကတော့ အသေးစိတ်စာရင်း၊ ရောင်းချခြင်း ၊ဝယ်သူရဲ့စိတ်ကျေနပ်မှုနဲ့ လက်လီအရောင်းပိုင်းရဲ့ ရွေ့လျားနေတဲ့ အခြားအစိတ်အပိုင်းတွေအားလုံးကို ဘဏ္ဍရေးပိုင်းအရနောက်ကြောင်းလိုက်စစ်ဆေးတဲ့အခါ စနစ်တစ်ခုတည်းမှာ ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ မတူညီတဲ့ ERP ၊ POS ၊ စာရင်းစနစ်တွေနဲ့ လည်ပတ်နေတာကြောင့် မဖြစ်နိုင်လောက်ဘူးလို့ ထင်ရတဲ့အရာက သင့်လျော်မှန်ကန်တဲ့နည်းပညာနဲ့ ပြုလုပ်တဲ့အခါ အဆင်ပြေချောမွေ့လာပြီး တသမတ်တည်းတည်ငြိမ်သွားပါတယ်။ အချက်အလက်တွေက ဧရိယာတစ်ခုကနေ အခြားကို လွတ်လွတ်လပ်လပ်စီးဆင်းနိုင်ပါတယ်။ သင့်လျော်မှန်ကန်တဲ့ business intelligence tool တွေနဲ့သာဆိုရင် သင့်ကုမ္ပဏီအတွက် ပိုကောင်းတဲ့ စီးပွားရေးဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့အတွက် ကုမ္ပဏီရဲ့ ရှုထောင့်အမျိုးမျိုးကြားမှာ ဆက်သွယ်မှုတွေကိုပြုလုပ်နိုင်ပါတယ်။
၃) အပြောင်းအလဲကို ကိုင်တွယ်နိုင်စွမ်းရှိတဲ့ ပန်းတိုင်တွေကို ချမှတ်ခြင်း
လက်လီအရောင်းဟာ မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်ပေမဲ့ လက်လီအရောင်းကိုဦးဆောင်သူတစ်ဦးဟာ လုပ်ငန်းနယ်ပယ်ထဲမှာ ဖြစ်နေတဲပြောင်းလဲမှုတိုင်းကိုတော့ လိုက်လုပ်နိုင်မှာမဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းရှင်ကြီးRichard Branson သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေထဲမှာ လက်လီအရောင်းကို စတင်ခဲ့သလို ကုမ္ပဏီရဲ့ခေါင်းဆောင်တစ်ဦးအတွက် မျှော်မှန်းချက်အမြင်ကိုချမှတ်ဖို့က အရေးကြီးပါတယ်လို့ မကြာသေးမီက Freakonomics Radio နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။ Branson ဟာ တေးဂီတရောင်းချမှု လက်လီလုပ်ငန်းရဲ့လည်ပတ်နေရာကနေ မိုဘိုင်းလ်နည်းပညာ၊ လေကြောင်းလိုင်းများဆီကို ချာကနဲလှည့်ထွက်ပစ်ခဲ့တာပါ။ ဒါကြောင့်မို့လို့ သူဟာ မဖြစ်မနေလုပ်ဖို့ လိုအပ်လာတဲ့အခါ ပြောင်းလဲမှုလမ်းကြောင်းရဲ့အရေးပါပုံကို နားလည်သဘောပေါက်သွားပါတယ်။ လမ်းကြောင်းပြောင်းဖို့အတွက်ဆိုရင် ပထမဆုံးလိုအပ်တာက ကိုယ်ဘယ်နေရာရောက်နေလဲဆိုတာသိဖို့ ဖြစ်ပါတယ်။ ပြောင်းလဲမှုဟာ pop-up စတိုးတွေအများကြီးဖြစ်ပေါ်လာဖို့အတွက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရေပန်းစားနေတဲ့လမ်းကြောင်းပေါ် မဝင်ရောက်မီ ဒီလိုပရောဂျက်မျိုးက ကုမ္ပဏီရဲ့ မျှော်မှန်းချက်အမြင်အားလုံးနဲ့ ဘယ်လိုအံဝင်ခွင်ကျဖြစ်မလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ ပြောင်းလဲမှုနောက်ကိုလိုက်နေချိန်တွင်းမှာ နောက်ပြန်လှည့်မကြည့်နိုင်တာမို့လို့ အပြောင်းအလဲကို ကိုင်တွယ်နိုင်စွမ်းရှိတဲ့ပန်းတိုင်ကို ချမှတ်ထားခြင်းဟာ သင့်ရဲ့စီးပွားရေးလုပ်ငန်းကို လုပ်ငန်းနယ်ပယ်ရဲ့ ယခုခေတ်ခြေလှမ်းနဲ့အတူ ထိန်းသိမ်းထားနိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။

၄) ကိုယ့်ရဲ့လက်လီအရောင်းစီးပွားရေးက ဘယ်လိုလုပ်နေပြီး ဘယ်ကိုသွားနေတယ်ဆိုတာ သိရှိခြင်း
ပန်းတိုင်တွေကို ချမှတ်ပြီး အောင်မြင်မှုဆီကိုသွားမယ့် စီမံချက်တစ်ခုလည်း ရှိရပါမည်။ လက်လီအရောင်းရဲ့ ပန်းတိုင်က အွန်လိုင်းပေါ်မှာ ကုန်ပစ္စည်းတွေပိုပြီးရောင်းရဖို့ဆိုရင် အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး မဟာဗျူဟာကျတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်တဲ့ CEO ဟာ ပန်းတိုင်မချမှတ်မီ ဘယ်မှာရောင်းရမယ်ဆိုတာသိဖို့၊ ချမှတ်ထားတဲ့ goal ကိုရောက်ပြီဆိုရင်လည်း ဘယ်အချက်အလက်ကို စောင့်ကြည့်စီမံကွပ်ကဲမလဲဆိုတာ၊ အဲ့ဒီအချက်အလက်ကို ဘယ်လိုခြေရာခံမလဲဆိုတာတွေလည်း သိဖို့လိုပါတယ်။ ဒီအတွက်ကြောင့် လုပ်ငန်းစွမ်းဆောင်ရည်တိုင်းတာညွှန်ပြမှုတွေ သို့မဟုတ် KPI တွေ ပါဝင်လာရပါတယ်။
KPI တွေက ယနေ့ခေတ်နဲ့ နောင်အနာဂတ်ရဲ့ လက်လီအရောင်း CEO တွေအတွက် ကုမ္ပဏီဟာ ဘဏ္ဍာရေးအပြင် အခြားသောကိစ္စရပ်တွေမှာ ဘယ်လိုမျိုးလုပ်ဆောင်နေတယ်ဆိုတာကို ခြေရာခံဖို့လိုအပ်တဲ့အခါ တိကျစွာ တိုင်းတာပေးပါတယ်။

ပေါင်းစည်းထားတဲ့ ကုန်သွယ်မှုပလတ်ဖောင်းတစ်ခုဟာ ခြေရာခံဖို့လိုတဲ့ KPI တွေ အားလုံးကို တစ်နေရာတည်းမှာ စုစည်းထိန်းသိမ်းထားနိုင်အောင် ကူညီပေးပါတယ်။ လမ်းကြောင်းတွေ၊ ကုန်ပစ္စည်းအမျိုးတွေနဲ့ ကုန်ပစ္စည်းတစ်ခုချင်းစီကိုတောင် လွယ်လွယ်ကူကူ ခွဲထုတ်ပေးနိုင်တာကြောင့် ဆုံးဖြတ်ချက်ချမှတ်ချင်တဲ့အခါ အချက်အလက်တွေကို အသေးစိတ်ကျကျ ရသွားပါတယ်။

The DNA of the Future Retail CEO ဆွေးနွေးပွဲမှာ လက်လီအရောင်းကျွမ်းကျင်သူ ၃၁ ရာခိုင်နှုန်းကသာလျှင် အနာဂတ်ရဲ့ လက်လီအရောင်း CEO ဟာ ပေါင်းစည်းကုန်သွယ်မှုအတွက်နဲ့ အချက်အလက်အပေါ်ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်ချက်တွေချမှတ်ဖို့အတွက် လိုအပ်တဲ့ နည်းပညာစွမ်းရည်တွေရှိမယ်လို့ ဆိုခဲ့ပါတယ်။ သူတို့မှားနေတယ်ဆိုတာကို သက်သေပြလိုက်ပါ။ လက်လီအရောင်းက အနာဂတ်ကို ရွေ့နေတဲ့အခါ နောက်မှာ မကျန်ခဲ့ပါစေနဲ့။ ကုမ္ပဏီအတွက် ဆုံးဖြတ်ချက်တွေချမှတ်တဲ့အခါ သင့်လျော်မှန်ကန်တဲ့ စနစ်တွေ၊ အချက်အလက်တွေနဲ့ ကူညီထောက်ပံ့ပေးနိုင်တဲ့ သင့်ကုမ္ပဏီက လိုအပ်တဲ့ မဟာဗျူဟာကျကျ ခေါင်းဆောင်ဖြစ်ရအောင်ပါ။

 

Zawgyi Version

World Retail Congress မွ The DNA of Future Retail CEO အမည္႐ွိ ေဆြးေႏြးပြဲမွာ ေျပာၾကားမႈအရ လက္လီအေရာင္း CEO ေတြ လက္႐ွိနဲ႔အနာဂတ္ကာလမွာ လိုအပ္တဲ့ နည္းပညာဆုိင္ရာ ထိပ္တန္းနည္းပညာစြမ္းရည္ႏွစ္ခုဟာ

၁။ ဒစ္ဂ်စ္တယ္ကုန္သြယ္မႈႏွင့္ ဆက္သြယ္ေရးလမ္းေၾကာင္းအားလံုးကို နားလည္ျခင္း

၂။ အခ်က္အလက္ေတြကို ခြဲျခမ္းစိတ္ျဖာၿပီး မဟာဗ်ဴဟာက်တဲ့ဆံုးျဖတ္ခ်က္ေတြကိုခ်မွတ္ျခင္း တုိ႔ ျဖစ္တယ္လို႔ဆိုပါတယ္။

 

ကၽြမ္းက်င္ပညာ႐ွင္ေတြရဲ႕ စကားဝိုင္းေဆြးေႏြးပြဲဟာ လက္လီအေရာင္း CEO ေတြရဲ႕ အနာဂတ္မွာ အခ်က္အလက္ေတြကို ခြဲျခမ္းစိတ္ျဖာၿပီး ဆံုးျဖတ္ခ်က္ေတြခ်မွတ္ႏိုင္ဖို႔ အေရးႀကီးတယ္လို႔ ဆို ပါတယ္။ Korn Ferry Institute ရဲ႕ ယူေက႐ွိ လက္လီအေရာင္း CEO ေတြကို ေလ့လာမႈအရ လက္လီအေရာင္း CEO အသစ္ေတြဟာ ေငြေၾကးစီမံမႈ ႏွင့္ နည္းဗ်ဴဟာပိုင္းမွာပါ အေတြ႕အၾကံဳ႐ွိထားဖုိ႔ လိုအပ္တာကို ေတြ႔ရပါတယ္။

 CEO ေတြဟာ သူတို႔ရဲ႕ ကုမၸဏီ ႀကီးသည္ျဖစ္ေစ ေသးသည္ျဖစ္ေစ လက္လီအေရာင္းကုမၸဏီေတြကို တစ္ေယာက္တည္း စီမံခန္႔ခြဲရတာမဟုတ္ပါဘူး။ သင့္ေတာ္တဲ့နည္းပညာ၊ သင့္ေတာ္တဲ့လူေတြနဲ႔အတူ စီမံခန္႔ခြဲျခင္းကေပါင္းစပ္ထားတဲ့ ကုန္သြယ္လုပ္ငန္းေတြမွာဆိုရင္ အေမွာင္ထဲမွာ ေသနတ္နဲ႔ ရမ္းသမ္းပစ္တာမ်ိဳးႏွင့္ တိေသခ်ာတဲ့ ေနာက္ဆံုးရ သတင္းအခ်က္အလက္ေတြကို အေျခခံထားတဲ့ ကုမၸဏီမဟာဗ်ဴဟာတစ္ခု ဖန္တီးျခင္းဟာျခားနားမႈျဖစ္ေစႏိုင္ပါတယ္။

 လက္လီအေရာင္း နည္းပညာက ျမန္ျမန္ဆန္ဆန္ေျပာင္းလဲတာေတာ့ အမွန္ပါပဲ။ အေျပာင္းအလဲေတြနဲ႔အတူဆက္လက္လုပ္ေဆာင္ရင္း အဲ့ဒီေျပာင္းလဲမႈနဲ႔အတူ စီမံခန္႔ခြဲ မႈႏိုင္နင္းျခင္းဟာ ေခါင္းေဆာင္ဆန္တဲ့ CEO တစ္ေယာက္ရဲ႕ ပင္ကိုယ္အရည္အခ်င္းတစ္ခုပါလို႔ ဟားဗတ္ စီးပြားေရးေက်ာင္းရဲ႕ သုေတသနက ေျပာထားပါတယ္။ ပိုၿပီးအေရးႀကီးတာကေတာ့ ဟားဗတ္က သုေတသီေတြဟာ ေခါင္းေဆာင္ဆန္တဲ့ CEO တစ္ေယာက္ျဖစ္ျခင္းက ကုမၸဏီအတြက္ ပိုေကာင္းတဲ့အက်ိဳးရလဒ္ေတြနဲ႔ ဆက္ႏႊယ္ေနတာကို ေတြ႔႐ွိခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ အသစ္လြင္ဆံုးနည္းပညာ၊ ဘ႑ာေရး၊ လက္လီအေရာင္းမွာေခတ္စားေနတဲ့အရာေတြမွာ လူတစ္ဦးတစ္ေယာက္အေနနဲ႔ ထိပ္ဆံုးရပ္တည္ေနဖို႔ အသံုးဝင္မဲ့ အခ်က္အခ်ိဳ႕ ကိုေဖာ္ျပလိုက္ပါတယ္

 ၁) အေရာင္းလမ္းေၾကာင္းေတြအားလံုးအတြက္ ေပါင္းစပ္ကုန္သြယ္မႈနည္းပညာ႐ွိျခင္း

ေပါင္းစပ္ကုန္သြယ္မႈဆုိတာက ဆက္သြယ္ေရးလမ္းေၾကာင္းအားလံုးထက္ ေျခတစ္လွမ္းသာၿပီး အဲ့ဒီမွာဆုိရင္အမ်ိဳးမ်ိဳးအစံုစံုကို အတူတကြေပါင္းစည္းၿပီး တန္းတူေပါင္းစည္းေစတဲ့စနစ္နဲ႔ ပလတ္ေဖာင္းတစ္ခုျဖစ္ေအာင္ လုပ္ထားတာ ျဖစ္ပါတယ္။ သင့္ရဲ႕ကုမၸဏီက ဘယ္ေနရာမွာ ဘာပဲေရာင္းေရာင္း သင့္ရဲ႕ ေဆာ့ဖ္ဝဲကေတာ့ e-commerce (အီလက္ထေရာနစ္ကုန္သြယ္မႈ)၊ m-commerce (မိုဘိုင္းလ္ကုန္သြယ္မႈ) နဲ႔ လူခ်င္းေတြ႔ဆံုေရာင္းခ်မႈေတြအတြက္ ပလတ္ေဖာင္းတစ္ခုတည္းကေန ေျဖ႐ွင္းလို႔ရတဲ့ ေဆာ့ဖ္ဝဲပဲ ျဖစ္သင့္ပါတယ္။ ဘယ္လိုမ်ိဳးေပါင္းစည္းထားတာပဲျဖစ္ျဖစ္ စနစ္ေတြကို အတူတကြေပါင္းစပ္ျခင္းက ေငြေၾကးပိုမုိကုန္က်ပါတယ္။ ၿပီးေတာ့ အခ်က္အလက္ေတြကို ရယူတဲ့ေနရာမွာ အခ်ိန္ပိုၾကာျမင့္ေစၿပီး ဆက္သြယ္ေရးလမ္းေၾကာင္းအမ်ိဳးမ်ိဳးရဲ႕ အခ်က္အလက္ေတြကို ရယူတဲ့ေနရာမွာဆုိရင္ မကိုက္ညီတာမ်ိဳးေတြလည္း ျဖစ္သြားႏိုင္ပါေသးတယ္။ ေသေရး႐ွင္ေရးတမွ် အေရးပါတဲ့ မဟာဗ်ဴဟာပိုင္းဆုိင္ရာ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ရာမွာ လိုအပ္တဲ့ အေသးစိတ္အခ်က္အလက္ေတြနဲ႔ လြဲေခ်ာ္ေနၿပီဆုိတဲ့သေဘာပါပဲ။ ေပါင္းစည္းထားတဲ့စနစ္တစ္ခုဟာ လိုအပ္တဲ့အခ်က္အလက္ေတြကို လြယ္ကူလ်င္ျမန္စြာ ေပးႏိုင္တာေၾကာင့္ ေန႔စဥ္နဲ႔အမွ်ေရာ ေရ႐ွည္မွာပါ ျပဳလုပ္ရမယ့္ စီးပြားေရးဆံုးျဖတ္ခ်က္ေတြကို ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။

 ၂) စီးပြားေရးရဲ႕ပင္မလုပ္ေဆာင္မႈေတြအတြက္ ေပါင္းစပ္ကုန္သြယ္မႈနည္းပညာ႐ွိျခင္း

ေပါင္းစပ္ကုန္သြယ္မႈဟာ လက္လီအေရာင္းလမ္းေၾကာင္းေတြနဲ႔ ပတ္သက္တာေတြခ်ည္းပဲ မဟုတ္ပါဘူး။ တကယ့္ ေပါင္းစပ္ကုန္သြယ္မႈစနစ္ အစစ္အမွန္ဆုိတာ ေဖာက္သည္ေတြဘက္ျခမ္းနဲ႔ ဆာဗာဘက္ျခမ္းကို ကန္႔သတ္ထားမႈမ႐ွိဘဲ အတူတကြေျပာဆိုႏိုင္ခြင့္ေပးထားပါတယ္။ ဆိုလိုတာကေတာ့ အေသးစိတ္စာရင္း၊ ေရာင္းခ်ျခင္း ၊ဝယ္သူရဲ႕စိတ္ေက်နပ္မႈနဲ႔ လက္လီအေရာင္းပိုင္းရဲ႕ ေရြ႕လ်ားေနတဲ့ အျခားအစိတ္အပိုင္းေတြအားလံုးကို ဘ႑ေရးပိုင္းအရေနာက္ေၾကာင္းလိုက္စစ္ေဆးတဲ့အခါ စနစ္တစ္ခုတည္းမွာ ျပဳလုပ္ႏိုင္တာ ျဖစ္ပါတယ္။ ကုမၸဏီအေနနဲ႔ မတူညီတဲ့ ERP ၊ POS ၊ စာရင္းစနစ္ေတြနဲ႔ လည္ပတ္ေနတာေၾကာင့္ မျဖစ္ႏိုင္ေလာက္ဘူးလို႔ ထင္ရတဲ့အရာက သင့္ေလ်ာ္မွန္ကန္တဲ့နည္းပညာနဲ႔ ျပဳလုပ္တဲ့အခါ အဆင္ေျပေခ်ာေမြ႕လာၿပီး တသမတ္တည္းတည္ၿငိမ္သြားပါတယ္။ အခ်က္အလက္ေတြက ဧရိယာတစ္ခုကေန အျခားကို လြတ္လြတ္လပ္လပ္စီးဆင္းႏုိင္ပါတယ္။ သင့္ေလ်ာ္မွန္ကန္တဲ့ business intelligence tool ေတြနဲ႔သာဆုိရင္ သင့္ကုမၸဏီအတြက္ ပိုေကာင္းတဲ့ စီးပြားေရးဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ႏိုင္ဖုိ႔အတြက္ ကုမၸဏီရဲ႕ ႐ႈေထာင့္အမ်ိဳးမ်ိဳးၾကားမွာ ဆက္သြယ္မႈေတြကိုျပဳလုပ္ႏိုင္ပါတယ္။

၃) အေျပာင္းအလဲကို ကိုင္တြယ္ႏိုင္စြမ္း႐ွိတဲ့ ပန္းတိုင္ေတြကို ခ်မွတ္ျခင္း

လက္လီအေရာင္းဟာ ျမန္ျမန္ဆန္ဆန္ ေျပာင္းလဲႏိုင္ေပမဲ့ လက္လီအေရာင္းကိုဦးေဆာင္သူတစ္ဦးဟာ လုပ္ငန္းနယ္ပယ္ထဲမွာ ျဖစ္ေနတဲေျပာင္းလဲမႈတိုင္းကိုေတာ့ လိုက္လုပ္ႏိုင္မွာမဟုတ္ပါဘူး။ စီးပြားေရးလုပ္ငန္း႐ွင္ႀကီးRichard Branson သူ႔ရဲ႕စီးပြားေရးလုပ္ငန္းေတြထဲမွာ လက္လီအေရာင္းကို စတင္ခဲ့သလို ကုမၸဏီရဲ႕ေခါင္းေဆာင္တစ္ဦးအတြက္ ေမွ်ာ္မွန္းခ်က္အျမင္ကိုခ်မွတ္ဖုိ႔က အေရးႀကီးပါတယ္လို႔ မၾကာေသးမီက Freakonomics Radio နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ေျပာသြားပါတယ္။ Branson ဟာ ေတးဂီတေရာင္းခ်မႈ လက္လီလုပ္ငန္းရဲ႕လည္ပတ္ေနရာကေန မိုဘိုင္းလ္နည္းပညာ၊ ေလေၾကာင္းလိုင္းမ်ားဆီကို ခ်ာကနဲလွည့္ထြက္ပစ္ခဲ့တာပါ။ ဒါေၾကာင့္မုိ႔လုိ႔ သူဟာ မျဖစ္မေနလုပ္ဖုိ႔ လိုအပ္လာတဲ့အခါ ေျပာင္းလဲမႈလမ္းေၾကာင္းရဲ႕အေရးပါပံုကို နားလည္သေဘာေပါက္သြားပါတယ္။ လမ္းေၾကာင္းေျပာင္းဖို႔အတြက္ဆုိရင္ ပထမဆံုးလိုအပ္တာက ကိုယ္ဘယ္ေနရာေရာက္ေနလဲဆုိတာသိဖုိ႔ ျဖစ္ပါတယ္။ ေျပာင္းလဲမႈဟာ pop-up စတိုးေတြအမ်ားႀကီးျဖစ္ေပၚလာဖုိ႔အတြက္လည္း ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ ေရပန္းစားေနတဲ့လမ္းေၾကာင္းေပၚ မဝင္ေရာက္မီ ဒီလိုပေရာဂ်က္မ်ိဳးက ကုမၸဏီရဲ႕ ေမွ်ာ္မွန္းခ်က္အျမင္အားလံုးနဲ႔ ဘယ္လိုအံဝင္ခြင္က်ျဖစ္မလဲဆုိတာ သိဖုိ႔လိုအပ္ပါတယ္။ ေျပာင္းလဲမႈေနာက္ကိုလိုက္ေနခ်ိန္တြင္းမွာ ေနာက္ျပန္လွည့္မၾကည့္ႏုိင္တာမို႔လို႔ အေျပာင္းအလဲကို ကိုင္တြယ္ႏုိင္စြမ္း႐ွိတဲ့ပန္းတုိင္ကို ခ်မွတ္ထားျခင္းဟာ သင့္ရဲ႕စီးပြားေရးလုပ္ငန္းကို လုပ္ငန္းနယ္ပယ္ရဲ႕ ယခုေခတ္ေျခလွမ္းနဲ႔အတူ ထိန္းသိမ္းထားႏိုင္ေအာင္ ကူညီေပးမွာ ျဖစ္ပါတယ္။

 ၄) ကိုယ့္ရဲ႕လက္လီအေရာင္းစီးပြားေရးက ဘယ္လိုလုပ္ေနၿပီး ဘယ္ကိုသြားေနတယ္ဆိုတာ သိရွိျခင္း

ပန္းတုိင္ေတြကို ခ်မွတ္ၿပီး ေအာင္ျမင္မႈဆီကိုသြားမယ့္ စီမံခ်က္တစ္ခုလည္း ႐ွိရပါမည္။ လက္လီအေရာင္းရဲ႕ ပန္းတိုင္က အြန္လိုင္းေပၚမွာ ကုန္ပစၥည္းေတြပိုၿပီးေရာင္းရဖို႔ဆုိရင္ အခ်က္အလက္ေတြကို ခြဲျခမ္းစိတ္ျဖာၿပီး မဟာဗ်ဴဟာက်တဲ့ဆံုးျဖတ္ခ်က္ေတြကိုခ်မွတ္တဲ့ CEO ဟာ ပန္းတိုင္မခ်မွတ္မီ ဘယ္မွာေရာင္းရမယ္ဆုိတာသိဖုိ႔၊ ခ်မွတ္ထားတဲ့ goal ကိုေရာက္ၿပီဆုိရင္လည္း ဘယ္အခ်က္အလက္ကို ေစာင့္ၾကည့္စီမံကြပ္ကဲမလဲဆိုတာ၊ အဲ့ဒီအခ်က္အလက္ကို ဘယ္လိုေျခရာခံမလဲဆိုတာေတြလည္း သိဖုိ႔လိုပါတယ္။ ဒီအတြက္ေၾကာင့္ လုပ္ငန္းစြမ္းေဆာင္ရည္တိုင္းတာညႊန္ျပမႈေတြ သို႔မဟုတ္ KPI ေတြ ပါဝင္လာရပါတယ္။

KPI ေတြက ယေန႔ေခတ္နဲ႕ ေနာင္အနာဂတ္ရဲ႕ လက္လီအေရာင္း CEO ေတြအတြက္ ကုမၸဏီဟာ ဘ႑ာေရးအျပင္ အျခားေသာကိစၥရပ္ေတြမွာ ဘယ္လိုမ်ိဳးလုပ္ေဆာင္ေနတယ္ဆုိတာကို ေျခရာခံဖုိ႔လိုအပ္တဲ့အခါ တိက်စြာ တိုင္းတာေပးပါတယ္။

ေပါင္းစည္းထားတဲ့ ကုန္သြယ္မႈပလတ္ေဖာင္းတစ္ခုဟာ ေျခရာခံဖုိ႔လိုတဲ့ KPI ေတြ အားလံုးကို တစ္ေနရာတည္းမွာ စုစည္းထိန္းသိမ္းထားႏိုင္ေအာင္ ကူညီေပးပါတယ္။ လမ္းေၾကာင္းေတြ၊ ကုန္ပစၥည္းအမ်ိဳးေတြနဲ႔ ကုန္ပစၥည္းတစ္ခုခ်င္းစီကိုေတာင္ လြယ္လြယ္ကူကူ ခြဲထုတ္ေပးႏိုင္တာေၾကာင့္ ဆံုးျဖတ္ခ်က္ခ်မွတ္ခ်င္တဲ့အခါ အခ်က္အလက္ေတြကို အေသးစိတ္က်က် ရသြားပါတယ္။

 

The DNA of the Future Retail CEO ေဆြးေႏြးပြဲမွာ လက္လီအေရာင္းကၽြမ္းက်င္သူ ၃၁ ရာခိုင္ႏႈန္းကသာလွ်င္ အနာဂတ္ရဲ႕ လက္လီအေရာင္း CEO ဟာ ေပါင္းစည္းကုန္သြယ္မႈအတြက္နဲဲ႔ အခ်က္အလက္အေပၚခြဲျခမ္းစိတ္ျဖာၿပီး ဆံုးျဖတ္ခ်က္ေတြခ်မွတ္ဖုိ႔အတြက္ လိုအပ္တဲ့ နည္းပညာစြမ္းရည္ေတြ႐ွိမယ္လို႔ ဆိုခဲ့ပါတယ္။ သူတုိ႔မွားေနတယ္ဆုိတာကို သက္ေသျပလိုက္ပါ။ လက္လီအေရာင္းက အနာဂတ္ကို ေရြ႕ေနတဲ့အခါ ေနာက္မွာ မက်န္ခဲ့ပါေစနဲ႔။ ကုမၸဏီအတြက္ ဆံုးျဖတ္ခ်က္ေတြခ်မွတ္တဲ့အခါ သင့္ေလ်ာ္မွန္ကန္တဲ့ စနစ္ေတြ၊ အခ်က္အလက္ေတြနဲ႔ ကူညီေထာက္ပံ့ေပးႏုိင္တဲ့ သင့္ကုမၸဏီက လိုအပ္တဲ့ မဟာဗ်ဴဟာက်က် ေခါင္းေဆာင္ျဖစ္ရေအာင္ပါ။