Do u know ERP can save your Business Cost?

Do u know ERP can save your Business Cost?

Operation costs

  • Making allocation of work more efficient
  • Manufacturing and material planning
  • Process performance

Admin costs

  • All customer information in one place on one customer record
  • No chasing paperwork, with all jobs recorded real time
  • Real time view of data to answer customer queries
  • Simple report mechanism, all in one place
  • Ease of scheduling and employee management for both processes and HR

Management costs

  • Real time reporting and dashboards providing up to the minute analysis of the business or department
  • Triggers and alerts to highlight exceptions
  • Project overviews and statuses
  • Employee information and performance

Inventory management

  • Reduces over and under stocking
  • Allows for the forecasting of stock requirement
  • Reports on wastage, returns, swap outs, replacements and items to be returned to manufacturer
  • Gives location visibility for picking
  • Provides stock valuation

 

Enterprise Resource Planning (ERP) ဆိုတာ ဘာလဲ ?

ERP ဆိုတဲ့ အသုံးအနှုန်းကို သင့်အနေနဲ့ အင်တာနက် အွန်လိုင်း အသုံးပြုသူ အသိုင်းအ၀န်း မှာ ကြားဖူးကောင်း
ကြားဖူးနေပါလိမ့်မယ် ။ ဒါမှမဟုတ်လဲ သင့် အဖွဲ့အစည်းအတွင်းက တစ်ယောက်ယောက်
ကနေ တစ်ဆင့် ကြားဖူးတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလို တစ်ဟုန်ထိုး လူသိများလာခြင်း နဲ့ အတူ
အမျိုးမျိုးသော စီးပွားရေး လုပ်ငန်း ပုံစံတွေအတွက် အကျိုးအမြတ် ကောင်းကောင်းပေးနိုင်ခြင်း ဆိုတဲ့ ဂုဏ်ပုဒ်
တွေဟာ ERP ဆိုတဲ့အရာ ကို လုပ်ငန်းတွင်း ၀န်ထမ်း အချင်းချင်း ပေါ့ပေါ့ပါးပါး ပြောဆို မှုတွေ ကနေ ဗျူဟာ
ပိုင်းဆိုင်ရာ ဆွေးနွေးမှု အခန်းကဏ္ဍတွေ အထိ ပါဝင်လာစေတယ် ဆိုရင် အံ့သြစရာ မရှိဘူးလို့ ပဲ ပြောရမှာပါ။

တစ်ကယ်လို့များ သင့်အနေနဲ့ ERP ဆိုတဲ့ အသုံးအနှုန်းနဲ့ သိပ်ပြီး အကျွမ်းတစ်ဝင်မရှိသေးဘူး ၊ ဒါမှမဟုတ်လဲ သင့် လုပ်ငန်းအတွက် ဘယ်လို အကျိုးအမြတ်တွေ ပေးနိုင်လဲ ဆိုတာကို သိနားလည်ထားခြင်း မရှိသေးဘူး ဆိုရင်တော့ ဒီဆောင်းပါး ဟာ သင့်အတွက် ERP မိတ်ဆက် လို့ ပဲ ပြောချင်ပါတယ် ။

Enterprise Resource Planning (ERP) သို့မဟုတ် အရင်းအမြစ် စီမံခန့်ခွဲ အသုံးချခြင်း

အရိုးရှင်းဆုံးအနေနဲ့ ပြောရမယ်ဆိုရင်တော့ ERP Software ဟု သင့်လုပ်ငန်းအတွင်းမှာ ရှိတဲ့
အရင်းအမြစ်တွေကို အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်ဖို့ ၊ လုပ်ငန်းတွင်း လုပ်ရိုးလုပ်စဉ်တွေ ကို စီမံခန့်ခွဲ နိုင်ဖို့ နဲ့
ရုံးတွင်း လုပ်ငန်းဆောင်တာ များကို အလိုအလျောက် ထိန်းညှိ လုပ်ဆောင်နိုင်ဖို့ တွေကို ဆောင်ကျဉ်းပေးနိုင်
တယ်လို့ ပဲ ပြောရမှာပါ ။ မတူညီတဲ့ Application တွေကို ပေါင်းစပ်ထိန်းညှိ ပေးနိုင်တဲ့ Tools တစ်ခု ဖြစ်တဲ့ ERP ဟာ စီးပွားရေး လုပ်ငန်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို အချိန်နဲ့ တစ်ပြေးညီ ဖော်ဆောင်
ပေးဖို့ ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ် ။ ERP စနစ် ဒါမှ မဟုတ် ဘက်စုံသုံး Application တွေ ဟာ လုပ်ငန်း
ရဲ့ အရေးပါတဲ့ အချက်အလက်တွေကို စုဆောင်း သိမ်းဆည်းပေးနိုင်ပြီး အဆိုပါ စနစ်က နေတစ်
ဆင့် ၀န်းထမ်းတွေ နဲ့ စီမံအုပ်ချုပ်သူတွေ ဟာ အချက်အလက်တွေ ကို ပုံစံ အမျိုးမျိုး ဖော်ဆောင် သုံးစွဲနိုင်
စွမ်းကို ရရှိမှာလဲ ဖြစ်ပါတယ် ။

ရည်ရွယ်ချက်ကတော့ သင့်လုပ်ငန်း ရဲ့ အရေးပါတဲ့ အချက်အလက်တွေကို တစ်စုတစ်စည်းတည်း ရှိနေစေဖို့
ဖြစ်ပြီး အစီရင်ခံစာ တွေ ၊ နိုင်းယှဉ်ပြချက်တွေ ၊ ကိစ္စရပ် များအပေါ် ခြုံငုံသုံးသပ်မှု တွေနဲ့ အသေးစိတ် အချက်
အလက် ရှာဖွေမှု တွေမှာ့ လွယ်လွယ်ကူကူ လုပ်ဆောင်စေနိုင်ဖို့ ပဲ ဖြစ်ပါတယ် ။

ဘယ်လို Application တွေ ဒါမှမဟုတ် ကဏ္ဍအလိုက် လုပ်ဆောင်နိုင်စွမ်းတွေ ပါဝင်မှာလဲ ?

ERP ရဲ့ နောက်ထပ် လုပ်ဆောင်နိုင်စွမ်းတစ်ခုကတော့  လိုအပ်သလို စိတ်ကြိုက် ပုံဖောင်နိုင်စွမ်းပါ ။
ဘာကြောင့်လဲ ဆိုတော့ ကုမ္ပဏီ တစ်ခု နဲ့ တစ်ခု လိုအပ်ချက်တွေ မတူညီလို့ပါပဲ ။ ဒီလို မတူညီတဲ့
လုပ်ငန်း သဏ္ဍန်ကွဲ များစွာ အတွက် ERP ဟာ များစွာသော Application တွေကို ပေါင်းစည်း တည်ဆောက်
ပေးလေ့ရှိပြီး တစ်ခုချင်းစီဟာ မတူညီတဲ့ စီးပွားရေး လုပ်ဆောင်နိုင်စွမ်းတွေကို အလေးထား ပြုမူပေးထားတာ
ဖြစ်ပါတယ် ။

ပုံမှန်အားဖြင့် အောက်ဖော်ပြပါ ကဏ္ဍအလိုက်လုပ်ဆောင် နိုင်စွမ်းတွေ ပါဝင်နိုင် ပြီး –

  • A database of instructional documents
    • Purchase orders
    • Invoices
    • Employee performance
    • Customer retention metrics
    • Collated sales/revenue data
    • Inventory management
    • Employee profiles
    • Bids and estimates
    • Salesperson performance
    • Compliance requirements
    • Itemized overhead costs

ဒါတွေကတော့ ဥပမာ အနေနဲ့ တင်ပြထားတာ ဖြစ်ပါတယ် ။ ဆိုလိုရင်းကတော့ သင့်ရဲ့ အရေးကြီး
လှတဲ့ သတင်းအချက်အလက်တွေ အတွက် Database တစ်ခု တည်ဆောက်ဖို့ ဖြစ်ပြီး အဆိုပါ
အချက်အလက်တွေကို ပေါင်းစည်း အသုံးပြုပြီး လွယ်ကူစွာ အစီရင်ခံနိုင်ဖို့ နဲ့ နှိုင်းယှဉ်ပုံဖော်ဖို့ရာERP ကို အသုံးပြုဖို့ ကို ဆိုလိုချင်တာပဲ ဖြစ်ပါတယ် ။ သာမန်အားဖြင့် Customization လိုအပ်ချက် အနေနဲ့ကတော့ On-site ERP Software မှာပဲဖြစ်ဖြစ် Cloud Based ERP Software မှာပဲ ဖြစ်ဖြစ် ရွေးချယ်စရာ တစ်ခုအဖြစ်
သာ ပါလေ့ရှိပါတယ် ။ ဆိုလိုရင်းကတော့ သင့်အနေနဲ့ ဘယ်လို အရေးကြီးတဲ့ အချက်အလက်တွေကို
ခြေရာခံမလဲ ဆိုတာနဲ့ ဘယ်လို Application ကို သင့် ရဲ့ System ထဲမှာ တည်ဆောက်မလဲဆိုတာ ကို
သင်ကိုယ်တိုင် အဆုံးအဖြတ်ပေးနိုင်တယ် လို့ ပြောချင်တာပါ ။

ဘာတွေလုပ်နိုင်လဲ ?

ဘာ့ကြောင့်လဲ ဆိုတော့ သင့်ရဲ့ အချက်အလက် မှန်သမျှကို စနစ်တစ်ခုတည်းမှာ ဗဟိုပြု ပေါင်းစည်းလိုက်
ခြင်းအားဖြင့် နှိုင်းယှဉ်ချက်တွေနဲ့ ဆန်းစစ်သုံးသပ်နိုင်စွမ်းတွေဟာ တစ်ကယ်ကို အဆုံးမဲ့လို့ ပြောလို့ရပါ
တယ် ။ ဥပမာ ပြောရမယ်ဆိုရင် သင့်အနေနဲ့ ကမ်းလှမ်းမှု အသစ်ဟာ သင့်အရောင်းဝန်ထမ်းရဲ့ ပြီးခဲ့တဲ့ နှစ်
က ရောင်းအား အပေါ်ဘယ်လို သက်ရောက်မှု ရှိခဲ့ သလဲ ဆိုတာ ကို ပြန်လည်သုံးသပ်နိုင်တာမျိုးဖြစ်ပါတယ် ။
နောက်ပြီး သင့် ကုန်စည်ထဲက ဘယ် ကုန်စည်အမျိုးအစား ဟာ မကြာခဏဆိုသလို ကုန်အမှာစာတင်နေရလဲ
ဆိုတာနဲ့ အဲ့ဒီ့လိုအပ်ချက်ကို Distributor စီကနေ အမှာစာတင်တဲ့ အခါ အရာအားလုံးနဲ့ ဘယ်လို နှိုင်းယှဉ်
ချိန်ဆ မှုတွေ လုပ်သလဲ ဆိုတာတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ် ။ ထပ်ပြီးတော့လဲ Training တွေ ပြီး
သွားတိုင်းမှာ ၀န်ထမ်းတွေရဲ့ တိုးတက်လာမှု အပိုင်းတွေကိုလဲ ပြန်လည် ခြုံငုံသုံးသပ်နိုင်မှာ ဖြစ်တဲ့ အတွက်
သင့်အနေနဲ့ တွေးကြည့်မယ်ဆိုရင် ERP System ကနေ ပေးနိုင်တဲ့ အောင်မြင်မှု အခွင့်အလမ်း
တွေဟာ တစ်ကယ့်အကောင်းစားတွေချည်း ပဲဆိုတာ သင်သိမှာပါ ။

သင့်အနေနဲ့ အချက်အလက်တွေကို စုစည်းရယူနိုင်စွမ်းရှိနေမယ်ဆိုရင် တော့ ကိုယ်လိုချင်တဲ့ အစီရင်ခံစာ
တွေကို ဘယ်လိုပုံစံနဲ့ ရယူမလဲဆိုတာ ကို လိုသလိုပုံသွင်းနိုင်ပြီး ၊ အပြောင်းအလဲ ပုံစံအသစ်တွေ ရှာဖွေခြင်း
နဲ့ အားနည်းချက် တွေကို သုံးသပ်ခြင်းတွေပါ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ် ။ လုပ်ငန်းတွင်း မတူညီတဲ့ ဌာန အ
လိုက် အချက်အလက်တွေကို ဖြန့်ကျက် နှိုင်းယှဉ်နိုင်စွမ်း ဟာ တစ်ကယ်ကို အဖိုးမဖြတ်နိုင်တဲ့ အရာလို့
ဆိုရမှာပါ ။ ERP အနေနဲ့ မြောက်များစွာသော အချက်အလက်တွေကို အသုံးဝင်တဲ့ Charts တွေ ၊ အစီရင်
ခံစာတွေ အဖြစ်ပြောင်းလဲ ပေးနိုင်တဲ့ အတွက် ကြောင့် အထက်ပါပြောခဲ့တဲ့ အချက်တွေအားလုံး ကို
လုပ်ဆောင်ပေးနိုင်ဖို့ရာ မဖြစ်နိုင်စရာ မရှိဘူးလို့ ပြောနိုင်ပါတယ် ။

အစီရင်ခံစာ ဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းတွေ အပြင် ၊ ERP စနစ် ဟာ Sales ကို Bookkeeping နဲ့ ချိတ်ဆက်ပေး
တာမျိုး တွေ ၊ Supply Line ကို Warehouse နဲ့ ချိတ်ဆက်ပေးတာမျိုးတွေ အပြင် လုပ်ငန်းရဲ့ စီမံခန့်ခွဲသူ
တွေကို HR ပိုင်းနဲ့ ချိတ်ဆက်ပေးတာမျိုးတွေကို ပါ လုပ်ဆောင်ပေးနိုင်ပြီး အဆိုပါ အချက်
အလက် ထိန်းချုပ်ခြင်း နည်းပညာအနေနဲ့ လုပ်ငန်းတွင်း ဌာန တွေရော ၊ ၀န်ထမ်း တစ်ဦးတစ်ယောက်ချင်းစီ
အနေနဲ့ ပါ စိတ်ကူးနဲ့မှန်းဆ လုပ်ကိုင်ခြင်း ဆိုတဲ့ အရာ တွေကို ချန်ထားခဲ့နိုင်ဖို့ရာ ထောက်ပံ့ပေးပါတယ် ။

ERP ဟာ ဘာလဲ လို့ မေးလာတဲ့ အခါ မှာ အဖြေ ပြန်ပေးဖို့ရာ အရမ်း မရိုးရှင်းလှပါဘူး ။ ပြောပြ နိုင်တာထက်
ကို ပိုပါတယ် ။ ကုမ္ပဏီတိုင်းရဲ့ ERP စနစ် တွေအနေနဲ့ လုံးဝမတူညီတဲ့ ကဏ္ဍအလိုက်လုပ်ဆောင်နိုင်စွမ်းတွေ ပါဝင်နိုင်ပြီး ၊ အဲ့တာ ကိုကပဲ ERP ရဲ့ နှစ်လိုစဖွယ် လုပ်ဆောင်နိုင်စွမ်း ဖြစ်နေပါတယ် ။ ERP ဟာ သင့်အဖွဲ့
အစည်းအတွင်းမှာရှိတဲ့ အရှုပ်အထွေးပေါင်းများစွာကို ကောင်းစွာ စီမံခန့်ခွဲ နိုင်ဖို့ရာ ကူညီပေးနိုင်ပါတယ် ။ ဒီ့
အပြင် သင့်လုပ်ငန်းအတွက် သုံးစွဲရလွယ်ကူတဲ့ Dashboards နဲ့ အစီရင်ခံစာတွေကို လဲ ပေးစွမ်းနိုင်ဦးမှာ ဖြစ်
တဲ့ အတွက် သင့်အနေနဲ့ ဘာတွေပဲ လုပ်ချင် လုပ်ချင် ERP စနစ် ဟာ အဲ့ ဒီ့ ဆန္ဒ ကို အကောင်အထည်ဖော်
တည်ဆောက်ပေးမယ့် အရာ လို့ သာ ပြောချင်ပါတော့ တယ် ။

Free Consulting Session
Hotline: +95 9 25222 1226
www.vanguardmm.com

Your Reliable SAP Partner
We Are Helping Customer To Win More

#SAP #Vanguard_Myanmar #ERP_Myanmar#Business_Software#SAP_Myanmar #SAP_Gold_Partner#ERP_Myanmar