HR ကို Digital ဆီသို့ ပြောင်းလဲရာတွင် ဆောင်ရန် ရှောင်ရန် အချက်များ။

ယနေ့ခေတ် စီးပွားရေးလုပ်ငန်းများအနေနဲ့ ရှိနေတဲ့ မျှော်မှန်းချက်ကတော့ လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာ တစ်ခုမှာ ရင်းနှီးမြုတ်နှံမှု ပြုလုပ်ဖို့အတွက် အာမခံချက် တစ်ခုရှိနေဖို့ပဲ ဖြစ်ပါတယ် ။ အဆိုပါ အာမခံချက်ကတော့ ဝန်ထမ်းတွေအတွက် ရှေ့ဆက်ရမယ့်ပန်းတိုင်များကို စဉ်ဆက်မပြတ်လမ်းညွှန်ပေးနိုင်တဲ့ နည်းပညာလမ်းကြောင်း တစ်ခုဖြစ်ပြီး အဆိုပါနည်းပညာအနေဖြင့် ဝန်ထမ်းတွေရဲ့ လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲစေနိုင်ရမယ်ဆိုတာအပြင်၊ ၎င်းတို့ရဲ့ အသက်မွေးမှုလုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အစီအစဉ်ချမှတ်စေ နိုင်ဖို့နဲ့ ပညာရပ်အသစ်တွေ သင်ယူစေနိုင်ဖို့၊ လူနေမှုဘ၀ တိုးတက်ပြောင်းလဲလာစေဖို့ကိုပါ အမြဲထောက်ပံ့ပေးနိုင်တဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ပေးစွမ်းနိုင်ရမှာပဲ ဖြစ်ပါတယ်။ ထပ်မံပြီးတော့လဲ ယနေ့ခေတ်ရဲ့ စနစ်တွေအနေနဲ့ လူ့အရင်းအမြစ် (HR)၊ Enterprise Resource Planning (ERP)၊ External Network၊ Machine Data၊ Internet of Things အစရှိတဲ့ မတူညီတဲ့ အချက်အလက် အရင်းအမြစ်တွေကနေတစ်ဆင့် ထိုးထွင်းသိမြင် ဆောင်ရွက်နိုင်မှုတွေ၊ တိုင်းတာခန့်မှန်းမှုတွေကိုပါ အသွင်ပြောင်းဆောင်ရွက်လာနိုင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

ယခုဖော်ပြမယ့် ဆောင်းပါးမှာတော့ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်ရဲ့ လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာ အသွင်ပြောင်းမှု ခရီးလမ်းမှာ ကြုံတွေ့ခဲ့ရတဲ့ အချက်တွေပေါ် အခြေခံထားတဲ့ ဆောင်ရန် ရှောင်ရန်အချက်တွေကို တင်ပြပေးလိုက်ပါတယ်။

ပထမဦးဆုံး HR Solution တစ်ခုကို ဝယ်ယူသင့်တယ်ဆိုတဲ့ အချက်ကို ကောင်းကောင်းထောက်ပြနိင်မယ့် လုပ်ငန်းဆိုင်ရာ အထောက်အထား တစ်ခုကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းအတွင်း အကြီးပိုင်း တာဝန်ရှိသူတွေရဲ့ ဘဏ္ဍရေးဆိုင်ရာ ခွင့်ပြုချက်ဟာလဲ မဖြစ်မနေလိုအပ်တဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။

နောက်တစ်ချက်အနေနဲ့ကတော့ မိမိ လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိပြီး လုပ်ငန်းကို အကောင်အထည်ဖော်ပေးနိုင်မယ့် Vendor ကို သေချာစွာ ရွေးချယ်ဖို့ဟာ အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ ပြီးရင်တော့ စီမံကိန်းကို အကောင်အထည်ဖော်ခြင်းနဲ့  အကောင်အထည်ဖော်စဉ် ကာလအတွင်းမှာ ဖြစ်လာနိုင်တဲ့ အပြောင်းအလဲ အဆင့်ဆင့်အတွက် အသေးစိတ်အစီအစဉ်များ ရေးဆွဲရမှာဖြစ်ပြီး အဆိုပါအစီအစဉ်အတွင်း ဆက်သွယ်မှုတွေ ပြုလုပ်နိုင်ဖို့နဲ့ စမ်းသပ်မှုအဆင့် သတ်မှတ်ခြင်းများ၊ သင်တန်းပို့ချခြင်းများအတွက် အစီအစဉ်ရေးဆွဲဖို့လိုအပ်ပါတယ်။

နောက်ထပ်တစ်ချက်အနေနဲ့ကတော့ လုပ်ငန်းတွင်း (HR) ဌာန အပါအဝင် အခြားသော လုပ်ငန်းပိုင်းဆိုင်ရာ ပတ်သတ်ဆက်နွယ်နေသူတွေ နဲ့ နည်းပညာ ပိုင်းဆိုင်ရာ အတတ်ပညာရှင်များ ပါ စီမံကိန်း ရဲ့ သက်ဆိုင်ရာ လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ပတ်သတ်မှု ရှိလာစေဖို့ရာ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

အစောပိုင်း အစီအစဉ်ဆွဲတဲ့ အဆင့်ကနေစပြီး အောင်မြင်မှု ကို တိုင်းတာနိုင်မယ့် စံနှုန်းစံထားတွေကို သေသေချာချာ သတ်မှတ်ထား ရမှာ ဖြစ်ပါတယ်။ အတိုချုပ်ပြောရရင်တော့ ပန်းတိုင်တစ်ခုချင်းစီကို သတ်မှတ်ပါ၊ တိုင်းတာပါ၊ သုံးသပ်ပါ။ နောက်ပြီး အောင်မြင်မှု ပန်းတိုင် တစ်ခုချင်းစီအတွက် အသိအမှတ်ပြုတဲ့ အထိမ်းအမှတ်ပွဲငယ်လးတွေ ဆင်နွှဲပါလိုဆိုထားပါတယ်။

ဆက်လက်ပြီးတော့ ချိတ်ဆက်မှုကောင်းရှိစေဖို့ ပုံမှန်အစည်းအဝေး ငယ်လေးတွေ ပြုလုပ်ပေးပါ ။ ယင်းကဲ့သို့ အစည်းအဝေးငယ်လေးတွေ ပြုလုပ်ပေးခြင်းဟာ အဖွဲ့အတွင်း ယုံကြည်မှု အပြန်အလှန်တည်ဆောက်ရာမှာ အကူအညီ ဖြစ်စေပြီး သာမန် ရည်မှန်းချက်ပန်းတိုင်လေးတွေနဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ ပိုမိုလွယ်ကူ လျှင်မြန်စွာ ပြီးမြောက်အောင်မြင်စေတဲ့ အပြင် ၊ အဖွဲ့ အတွင်း မှာလဲ စိတ်အားတက်ကြွမှု ဖြစ်စေဖို့ အထောက်အကူပြုပါတယ်။

စီမံကိန်း တစ်ခုလုံးရဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်တွေဟာ သင်ကိုယ်တိုင်သာမက သင့်အဖွဲ့အစည်း တစ်ခုလုံးကို ကိုယ်စားပြုပါတယ်။ ဒါ့ကြောင့် တာဝန်ယူပါ။ ကိုယ်စားပြုပါ။ ဒီပြောင်းလဲမှုဟာ အဆုံးသတ်မှာ သင်နဲ့ သင့်အဖွဲ့အစည်းအတွက် ရလဒ် တစ်ခုပေးနိုင်မှာဖြစ်တဲ့အတွက်ပါ။

အကြံပေးသူတွေနဲ့ အတိုင်ပင်ခံပညာရှင်တွေရဲ့ အသိဉာဏ် ဗဟုသုတနဲ့ နည်းပညာဆိုင်ရာ တီထွင် ကြံစည်နိုင်စွမ်း အစရှိတဲ့ သက်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို အသုံးချပါ။ သူတို့ဟာ သင့်လုပ်ငန်းတစ်ခုလုံးကို လည်ပတ်စေဖို့ရာ မောင်းနှင်နိုင်စွမ်းမရှိကြပါဘူး။ ဒါပေမယ့် ဘာတွေလုပ်သင့်တယ် ၊ ဘယ်လိုပုံစံမျိုးဖြစ်သင့်တယ်ဆိုတဲ့ အကြံဉာဏ်ပေးတာမျိုးတွေကိုတော့ လုပ်ပေးနိုင်ပါတယ် ။

သင့်ရဲ့ စီမံကိန်းလည်ပတ်မှုပုံစံ ကိုသတ်မှတ်ပါ၊ ခွဲခြမ်းစိတ်ဖြာပြီး အပြောင်းအလဲများကို အားပေးပါ။ ဆုံးဖြတ်ချက်ချဖို့ လိုအပ်တဲ့ ကိစ္စရပ်များနဲ့ အပြောင်းအလဲ သတ်မှတ်ချက်များအတွက် ပြီးပြည့်စုံတဲ့ အုပ်ချုပ်မှု “မူ” တစ်ခုထားရှိပြီး လမ်းညွှန်ဖို့နဲ့ ကြီးကြပ်ဖို့ ပြုမူဆောင်ရွက်ပါ။ ဒါမှသာလျှင် အဖွဲ့အစည်း အတွင်းမှာရှိတဲ့ အဆင့်တိုင်းအတွက် လိုအပ်သမျှကို အချိန်နဲ့ တစ်ပြေးညီ ဆက်သွယ်သင်ကြားပို့ချပေးနိုင်မှာလဲ ဖြစ်ပါတယ်။

ခေါင်းဆောင်တွေ လမ်းညွှန်ဦးဆောင်တက်ဖို့လိုအပ်ပါတယ်။ အဖွဲ့အစည်းရဲ့ ထိပ်ပိုင်းကနေ အောက်ဆုံးအထိမှာ အကြီးပိုင်း C-Level ခေါင်းဆောင်သူတွေနဲ့ Director အဖွဲ့ဝင်တွေအနေနဲ့ အပြောင်းအလဲမှာပါဝင်ဖို့ စိတ်အားထက်သန်မှုနဲ့ အလျင်အမြန်ပြောင်းလဲလိုစိတ်ရှိဖို့ လိုအပ်ပါတယ်။ တစ်ကယ်လို့ အဖွဲ့အစည်းရဲ့ခေါင်းဆောင်ပိုင်းတွေ ကိုယ်တိုင်က ပြောင်းလဲဖို့ တွန့်ဆုတ်နေမယ်ဆိုရင်၊ သူတို့ရဲ့ ဝန်ထမ်းတွေကို ပြောင်းလဲလာဖို့ ဘယ်လိုများ မျှော်လင့်နိုင်မှာလဲလို့ မေးစရာရှိပါတယ်။

အမြဲတမ်း တိုးတက်မှု ရှိနေအောင် ကြိုစားဖို့လိုပါတယ်။ အမြဲတမ်းတိုးတက်မှုရှိအောင် လုပ်ဆောင်နေခြင်းဟာ ဒီခရီးရှည်ကြီးမှာပါဝင်ရမယ့် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သင့်လုပ်ငန်းရဲ့ တန်ဖိုးကို တိုးတက်လာစေဖို့ရာ ကောင်းမွန်တဲ့ အလှည့်အပြောင်းလေးတွေ တည်ဆောက်ရာမှာလဲ အရေးပါလှပါတယ်။

C-Level ခေါင်းဆောင်ပိုင်းတွေ ရဲ့ ပွင့်လင်းမြင်သာတဲ့ အားပေးမှုတွေ ဟာ အဖွဲ့အစည်းအတွင်းမှာရှိတဲ့ ဝန်ထမ်းတိုင်း ကို စိတ်ဓာတ်တက်ကြွစေပြီး၊ အဖွဲ့အစည်းရဲ့ အောင်မြင်မှု ရလဒ်ကို သွားရာမှာ အထောက်အကူဖြစ်စေပါတယ် ။ ဒီ အရာဟာ လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာအသွင်ပြောင်းလဲမှု စီမံကိန်း အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်အဆင့်တိုင်းအတွက် အရေးပါတဲ့ အဓိကကျတဲ့အချက်လို့ ပြောနိုင်ပါတယ်။

နောက်ဆုံးမှာတော့ အနာဂတ်ကို ပွေ့ဖက်ကြိုဆိုရင်း ၊ သင့်ရဲ့ခရီးရှည်ကို ပျော်ရွှင်အောင်မြင်စွာ လှမ်းလျှောက်နိုင်ပြီ ဖြစ်ပါတယ်။

 

#SAP #Vanguard_Myanmar #ERP #Business_Software #SAP_Myanmar #SAP_Gold_Partner #ERP_Myanmar