ကျယ်ပြန့်လာတဲ့ ဈေးကွက်စီးပွားရေး စနစ်အတွင်း Digital ဆီသို့ အရှိန်အဟုန်ကောင်းစွာဖြင့် ကူးပြောင်းလာသော HR အခန်းကဏ္ဍ။

အသေးစားနဲ့အလတ်စား လုပ်ငန်းတွေအနေနဲ့ အခုအချိန်ဟာ အပြောင်းအလဲအတွက် လုပ်ကိုလုပ်သင့်နေတဲ့ အချိန်ကာလ မျိုးလို့ ဆိုနိုင်ပါတယ်။ နည်းပညာအရ အဆင့်မြှင့်တင်ထားတဲ့ စီးပွားရေးပုံစံတွေ၊ ချိတ်ဆက်ထားတဲ့ ကုန်ပစ္စည်းနဲ့ လုပ်ငန်းဆောင်တာများကို အလိုအလျောက် လည်ပတ်လုပ်ဆောင်နိုင်စွမ်းတွေဟာ စံနမူနာတစ်ခု ဖြစ်လာခဲ့ပြီး ဝန်ထမ်းတွေ အနေနဲ့ လုပ်ငန်းခွင်အတွင်း ဘက်ပေါင်းစုံကနေ ပြန်လည် စမ်းစစ်သုံးသပ်ပေးနိုင်တဲ့ ပုံစံမျိုးကိုသာ ရှေ့ဆက်အသုံးပြုသွား ဖို့ ဆန္ဒရှိလာကြပါတယ်။

တစ်ချိန်တည်းမှာပဲ အဖွဲ့အစည်းကြီးတွေဟာ နည်းပညာရဲ့ရိုက်ခတ်မှုက အသေးစားလုပ်ငန်းလေးတွေအပေါ်မှာ ဘယ်လို သက်ရောက်မှုရှိလာနိုင်သလဲဆိုတာကို စောင့်ကြည့်လေ့လာနေကြပြီး လူသားအရင်းအမြစ်တွေကို တိတိကျကျ ထိရောက် မှုရှိစွာ အသုံးချရမလဲဆိုတာကို သတ်မှတ်နိုင်ဖို့ရာ ကြိုးပမ်းနေမှုတွေကိုလဲ တွေ့ရဦးမှာပါ။

ဝန်ထမ်းတွေရဲ့ တွေးခေါ်ပုံတွေ၊ ဗဟုသုတတွေနဲ့ လုပ်ငန်းတစ်ခုအတွင်းမှာရှိတဲ့ စနစ်တွေဟာ အောင်မြင်တဲ့ နည်းပညာ အသွင်ပြောင်းလဲမှု လမ်းကြောင်းမှာပါဝင်လာနိုင်တယ်လို့ ID Interactive Guide က ဆိုထားပါတယ်။

SAP နဲ့ ပတ်သတ်ပြီး လုပ်ငန်းချင်းဆက်စပ်လုပ်ကိုင်တဲ့ အတွေ့အကြုံတစ်ခုကို ပြောပြချင်ပါတယ်။ အဲ့ဒီတုန်းက လုပ်ငန်း နဲ့ပတ်သတ်တဲ့ အင်တာဗျူးတစ်ခုမှာ နောက်လာမယ့် (၁၂) လစာအတွက် HR (Human Resource) နဲ့ စီးပွားရေး လုပ်ငန်း ပိုင်းဆိုင်ရာ ဦးစားပေးဆောင်ရွက်သင့်တဲ့ အချက်တွေကို ဘယ်လိုထည့်သွင်းစဉ်းစားမလဲဆိုတဲ့ မေးခွန်းတွေ အမေးခံရပါ တယ်။ အဲ့ဒီအလုပ်ကို လက်ခံပြီးပြီးချင်းမှာပဲ ကြောက်စိတ်တွေဝင်လာမိပါတယ်။ အခုမှ ဒီနယ်ပယ်ထဲကို စဝင်တဲ့ ကျွန်တော့ လိုမျိုး လူတစ်ယောက်ရဲ့အတွေ့အကြုံဟာ SAP လိုမျိုး လုပ်ငန်းကြီးတစ်ခုရဲ့ လိုအပ်မှုကို ဘယ်လိုဖြည့်ဆည်းပေးနိုင်မှာလဲ လို့ တွေးမိတယ်။ ဒါပေ့မယ့် အံ့သြစရာကောင်းလောက်အောင်ပဲ ကျွန်တော်တို့ဟာ အဲ့ဒီ ခေါင်းစဉ်တွေနဲ့ ပတ်သတ်တဲ့ အ ကြောင်းအရာတွေကို လုပ်ငန်းမစတင်ခင် (၆) လ ကနေ (၁၂) စောပြီးဖြေရှင်းနိုင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော် သိလိုက်တာက dot.com explosion ကနေတစ်ဆင့် အဖွဲ့အစည်းတစ်ခုကို ဘယ်လို run ရမယ်ဆိုတာနဲ့ HR နည်းပညာပေါ်မှာ ရှင်းလင်းပြတ်သားစွာ နားလည်ခဲ့ပြီး အဆိုပါ ပြဿနာတွေကို လွယ်ကူလျှင်မြန်စွာနဲ့ ဖြေရှင်းနိုင်စေခဲ့ပါ တယ်။

HR ပိုင်းမှာ ဦးဆောင်နေသူတစ်ယောက်အနေနဲ့ရော ဒီလို စိန်ခေါ်မှုမျိုးကို ဘာလို့ လက်မခံနိုင်စရာရှိနိုင်မလဲ။ အကြောင်း အရင်းကတော့ ရှင်းပါတယ်။ သူတို့ဟာ နည်းပညာအပြောင်းအလဲအတွက် ဦးဆောင်ဖို့အတွက် လုံးဝစိတ်ဝင်စားမှု မရှိလို့ပါ ပဲ။

ဘာကြောင့် နည်းပညာဗျူဟာကို လူတွေအပေါ် ပိုပြီးအာရုံစိုက်သင့်တာလဲ။

အားလုံးကို ယှဉ်ပြိုင်အနိုင်ယူနိုင်တဲ့ အားသာချက်မျိုးကို ပေးစွမ်းနိုင်တဲ့ နည်းပညာအသွင်ပြောင်းလဲမှုတစ်ခုအနေနဲ့ ပညာရပ် ပိုင်းဆိုင်ရာ သိရှိနားလည်ပြီး၊ အသွင်ပြောင်းလဲမှုမှာ ပါဝင်ပတ်သတ်လိုစိတ်ရှိတဲ့ ဝန်ထမ်း (သို့) လူသား အရင်းအမြစ်ကို လို အပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအသွင်ပြောင်းလဲမှုဟာ အောင်မြင်တဲ့ နည်းပညာပြောင်းလဲမှုမှာ လိုအပ်တဲ့ အဓိက HR ပိုင်း မှာ ဦးဆောင်သူတစ်ယောက်ရဲ့ အကူအညီမပါပဲနဲ့ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

လုပ်ငန်းတွင်း ဓလေ့ထုံးတမ်းနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ မဟာဗျူဟာတွေကို လေ့လာသုံးသပ် ညှိနှိုင်းပါ။

သင်လျော်မှန်ကန်တဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ တိုးတက်မှုအပိုင်းတွေကို ရယူဖို့ လိုအပ်လာချိန်မှာတော့ လူတွေရဲ့ အရည်အ သွေးကို စီမံခန့်ခွဲရမှုအပိုင်းနဲ့အတူ စီးပွားရေးလုပ်ငန်းဆိုင်ရာ ခဲျ့ထွင်လာနိုင်မှုနဲ့ နည်းပညာ အသွင်ပြောင်းမှုဆိုင်ရာ တိုးတက် မှုဖြစ်စဉ်အတွက်ကို မဟာဗျူဟာတွေနဲ့ ပန်းတိုင်ဟာကိုက်ညီနေဖို့ အရေးပါလာပါတယ်။

ဒီအရာတွေအတွက် Predictive Analysis, Machine Learning နဲ့ Intelligent Analytics နည်းပညာတွေကို အသုံးပြုပြီး အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ အဆိုပါ နည်းပညာတွေဟာ HR ပိုင်းဆိုင်ရာ ဦးဆောင်နေသူတွေကို လုပ်ငန်းခွင်အတွင်း Culture တစ်ခုတည်ဆောက်ရာမှာနဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာ Strategy ချမှတ်ရာမှာ တစ်ပြိုင်တည်း ပုံဖော်နိုင်စွမ်းကို အထောက်အကူပြုပေးနိုင်ပါတယ်။

အဆိုပါ Tool တွေကို အသုံးပြုပြီး ရရှိလာတဲ့ ရှုမြင်သုံးသပ်နိုင်စွမ်းဟာ အဖွဲ့အစည်းရဲ့အတွင်းမှာရော အပြင်မှာပါ  ပါဝင်ပတ်သတ်နေတဲ့ Stakeholder တွေ၊ ဝန်ထမ်းတွေ၊ Supplier တွေ၊ စီးပွားဖက်တွေနဲ့ Customer အစရှိတဲ့သူတွေ မျှော် လင့်ထားတဲ့ နည်းပညာကို ရေးဆွဲရာမှာ ပါဝင်လာသင့်တဲ့ အဓိကကျတဲ့ အကြောင်းအချက်ကို ပိုပြီး မြင်သာမှုရှိစေဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။

လုပ်သားအင်အား မတူညီကွဲပြားမှုကို လက်ခံပါ၊ အထောက်အပံ့ပေးပါ။

လုပ်ငန်းခွင်အတွင်း မတူကွဲပြားခြားနားတဲ့ ဓလေ့တွေ လုပ်ထုံးလုပ်နည်းတွေ များလာလေလေ၊ ဗျူဟာမြောှက် နည်းပညာ မှန်ပြောင်းကနေ တစ်ဆင့် မတူညီတဲ့လုပ်သားအင်အားကဏ္ဍတွေကို သေချာရှုမြင်လေ့လာသင့်လေပါပဲ။ လူမှုနယ်ပယ် အတွေ့အကြုံတွေ၊ မျိုးဆက်တွေနဲ့ လူမျိုးစုစတဲ့ အခြေခံဖြစ်စဉ်တွေဟာ နည်းပညာတစ်ခုကို အပြောင်းအလဲ ကျင့်သုံးမှုဖြစ် စဉ်မှာ လူတွေ ဘယ်လို ပြောဆိုဆက်သွယ်ကြသလဲ၊ ဘယ်လိုဆုံးဖြတ်ချက်မျိုးတွေနဲ့ အလုပ်ခန့်ကြသလဲ၊ တိုးတက်မှုဖြစ် စဉ်တွေနဲ့ လုပ်ဆောင်စီမံနိုင်သလဲ စတာတွေကို အခြေခံပြီး လွှမ်းမိုးမှုတွေ ရှိလာနိုင်ပါတယ်။

ဥပမာအားဖြင့် ပင်စင်ယူလိုက်တဲ့ ဝန်ထမ်းတွေရဲ့ အတွေ့အကြုံဗဟုသုတတွေကို နောက်မျိုးဆက်သစ် ဝန်ထမ်းတွေ အောင်မြင်မှုခြေလှမ်းကို တက်လှမ်းနိုင်ဖို့ရာ လမ်းညွှန်မှုပေးနိုင်ဖို့ လိုအပ်သလိုမျိုးပါ။ အသစ်စတင်ဖွဲ့စည်းတဲ့ လုပ်ငန်းတွေ အနေနဲ့လည်း Culture တွေကို လုပ်ငန်းတစ်ခုလုံးစာ ကျင့်သုံးနိုင်ဖို့ရာ ဖြည်းဖြည်းမှန်မှန် ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ ရည်ရွယ်ချက်ရှိရှိ ဘက်လိုက်မှုမျိုးတွေကို ဆုံးဖြတ်ချက်ချတဲ့အချိန်တွေမှာ လုံးဝကို ရှောင်ကြဉ်ဖို့ လိုအပ်ပါသေးတယ်။

အထက်ဖော်ပြပါဆောင်းပါးကိုတော့ Chief HR strategy and digital transformation executive ဖြစ်တဲ့ Brigette McInnis-Day ၏ Digital HR Moves Faster in Growth Markets မှ ကောက်နှုတ်တင်ပြထားခြင်းဖြစ်ပါတယ်။

#SAP #Vanguard_Myanmar #ERP_Myanmar #Business_Software #SAP_Myanmar #SAP_Gold_Partner #ERP_Myanmar