ERP ကို cloud ပြောင်းလဲ အသုံးပြုခြင်း၏ ကောင်းကျိုးများ။

စီးပွားရေး လုပ်ငန်းတိုင်းဟာ မတူကွဲပြားမှုတွေ ရှိကြပါတယ်။ ဒါ့ကြောင့်မို့လို့ ဘယ်လိုမတူညီတဲ့ ERP Deployment Options တွေဟာ သင့် လုပ်ငန်းအပေါ် သက်ရောက်မှု ရှိနိုင်မယ်ဆိုတာ ကို အချိန်ပေးပြီး လေ့လာရမှာပဲ ဖြစ်ပါတယ်။

တစ်ကယ်လို့များ သင့်ရဲ့ စီးပွားရေးလုပ်ငန်းအတွက် ERP System တစ်ခုခု အသုံးပြုဖို့ စဉ်းစားနေတယ်ဆိုရင်တော့ သင့်အတွက် ရွေးချယ်စရာ တွေ ပြည့်နှက်နေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ရွေးချယ်မှုပေါ်မူတည်ပြီး မဖြစ်မ နေ လုပ်ဆောင်ရမယ့် ဆုံးဖြတ်ချက်တွေထဲက အရေးအပါဆုံး တစ်ခုကတော့ Cloud-based ERP Solution ကို သုံးမလား ဒါမှမဟုတ် ကိုယ်တိုင်ကိုယ်ကျ စီမံ ထည့်သွင်းအသုံးပြုနိုင်တဲ့ On-Premise ERP Solution ကိုပဲ သုံးမလား ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

Cloud-Based ERP နဲ့ On-Premise ERP တို့ရဲ့ အခြေခံအားဖြင့် ကွာခြားချက်ကတော့ ရှင်းပါတယ်။ On-Premise ERP Solution ဟာ ကိုယ့်ရဲ့ ကုမ္ပဏီပိုင် Hardware တွေ၊ Server တွေပေါ်မှာ ထည့်သွင်း အသုံးပြုတာမျိုး ဖြစ်ပြီး၊ Cloud-Based ERP Solution အနေနဲ့ကတော့ လုပ်ငန်းရဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို Internet cloud ဝင်ရောက် ချိတ်ဆက်အသုံးပြုနိုင်တာမျိုးပဲ ဖြစ်ပါတယ် ။

Ownership Costs (ပိုင်ဆိုင်မှု ဆိုင်ရာ ကုန်ကျစရိတ်) ။

အများအားဖြင့် On-premise ERP system တွေအနေနဲ့ကတော့ ကြီးမားတဲ့ ကနဦး ရင်းနှီးမြုတ်နှံမှုနဲ့အတူ ပရောဂျက် ကာလ တစ်လျှောက်လုံးမှာလဲ Software ကို ဝယ်ယူနိုင်ဖို့အတွက် ဆက်နွယ်နေတဲ့ Hardware တွေ၊ Server တွေနဲ့ အခြား သက်ဆိုင်ရာ အဆောက်အဦးတွေအတွက်လဲ ရင်းနှီးမြုတ်နှံမှုတွေ လိုအပ်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် သင့်ကုမ္ပဏီအနေနဲ့ အတွေ့အကြုံရှိတဲ့ IT ပညာရှင် ဒါမှမဟုတ် IT Team ရှိမနေဘူးဆိုရင်တော့ သင့်အနေနဲ့ အဖွဲ့အစည်းတွေ ဖွဲ့စည်းဖို့အတွက် နောက်ထပ် ကုန်ကျစရိတ်တွေ ရှိလာမယ့်အပြင် သင့်လျော်တဲ့ Training တွေအတွက်ပါ အချိန်ပေးရမှာ ပဲဖြစ်ပါတယ်။

အရေးအကြီးဆုံးအချက်ကတော့ ERP Systems ကို အဆင်မြှင့်ဖို့ အချိန်ရောက်လာပြီဆိုရင်တော့ IT ပညာရှင်တွေ အနေနဲ့ လုပ်ငန်းတွင်းမှာ ရှိရှိသမျှ အသုံးပြုသူတွေ အားလုံးအတွက် စနစ်ကိုပြန်ပြီး ထည့်သွင်းပေးရမှာ ဖြစ်သလို၊ အရင်ဗားရှင်းမှာ အသုံးပြုနေဆဲဖြစ်တဲ့ Customization တွေနဲ့ Integration တွေအတွက်လဲပြန်လည် ချိတ်ဆက် ပုံဖော်မှုတွေကိုဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

Cloud-based ERP အနေနဲ့ ကတော့ ကနဦး ကုန်ကျစရိတ်ဟာ ထုံးစံအတိုင်း သိသိသာသာ ကျဆင်းသွားမှာဖြစ်ပြီး ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Software ကို ရိုးရိုးရှင်းရှင်း အကောက်အထည်ဖော် ဆောင်ရွက်ပြီးတာနဲ့ သင့်ရဲ့ ကွန်ပျူတာ အင်တာနက်ကနေတစ်ဆင့် အလွယ်တစ်ကူချိတ်ဆက်အသုံးပြုနိုင်လို့ပဲဖြစ်ပါ တယ်။ Cloud ERP Provider အနေနဲ့ သင့်ရဲ့ Software နဲ့ IT ပိုင်းဆိုင်ရာ အဆောက်အဦး လိုအပ်ချက်များကို တာဝန်ယူ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး၊ သင့်ရဲ့စနစ်ဟာ အချိန်ပြည့် လည်ပတ်နေဖို့အတွက်ကိုလဲ အာမခံ ပေးနိုင်သ လို အချက် အလက်များနဲ့ ပတ်သတ်တဲ့ လုံခြုံမှုစနစ်တွေ ရှိနေပြီး Software ကို အဆင့်မြှင့်ဖို့ လိုအပ်လာချိန်မှာလဲ သင်ရဲ့ Software ဗားရှင်း အဟောင်းမှာ အသုံးပြုထားတဲ့ Customization တွေနဲ့ Integration တွေကို အထိအခိုက်လုံးဝမရှိစေပဲ အနာအဆာ ကင်းကင်းနဲ့ အဆင်မြှင့်တင်နိုင်မှာဖြစ်ပြီး အသစ်ပါဝင်လာတဲ့ Features တွေနဲ့ enhancements တွေကို အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Cloud ERP အနေနဲ့ သင်ရဲ့ ငွေကြေး လည်ပတ်  စီးဆင်းမှုဆိုင်ရာ စီမံခန့်ခွဲခြင်းနဲ့ အစီအစဉ်ချမှတ်ခြင်းတို့ကို ပိုမိုလွယ်ကူစွာ ဆောင်ရွက်စေနိုင်မယ့် ကြိုတင် ခန့်မှန်းနိုင်စွမ်းကိုလဲ Pay-as-you-go Subscription (လစဉ်ပေး / နှစ်စဉ်ပေး) နှင့်အတူ ကမ်းလှမ်းထားပါသေးတယ် ။

စစ်တမ်းတစ်ခုရဲ့ လေ့လာသုံးသပ်မှု အဆိုအရ လုပ်ငန်းတစ်ခု၏ လေးနှစ်တာကာလအတွင်း ပိုင်ဆိုင်မှုဆိုင်ရာ ကုန်ကျစရိတ်ကို တွက်ချက်ကြည့်ရာမှာ Cloud ERP စနစ် ဟာ On-premise စနစ်ထက် ကုန်ကျစရိတ် ၅၀% ပိုပြီး သက်သာတယ်လို့ ဆိုထားပါတယ် ။

စနစ်ပိုင်း ဆိုင်ရာ အဆင့် မြှင့်တင်မှုများ။

On-premise ERP Software တွေဟာ customize လုပ်လို့ ရနိုင်ပါတယ် ။ ဒါပေမယ့် အဆိုပါ customization တွေဟာ လက်ရှိ software version နဲ့သာ ကိုက်ညီမှု ရှိနေနိုင်တာဖြစ်ပြီး နောက်ထပ်လာမယ့် Version တွေမှာ ထပ်မံပြီး ထည့်သွင်းပုံဖော်ဖို့ရာအတွက် မလွယ်ကူလှပါဘူး။ ERP Provider အနေနဲ့ ထပ်ထုတ်လိုက်တဲ့ Version အသစ်တွေကို Upgrade လုပ်လိုက်တိုင်းမှာ သင့်ရဲ့ Version အဟောင်းမှာ ထည့်သွင်းအသုံးပြုထားတဲ့ Customization တွေဟာ အကုန်ပျက်သွားမှာ ဖြစ်ပြီး IT Team အနေနဲ့ Version အသစ်အတွက် Customizationကို ထပ်ပြီး  ခေါင်းစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ကုမ္ပဏီတော်တော်များများဟာ ၎င်းတို့ရဲ့ On-premise ERP software ကို အဆင့်မြင့်တင်ခြင်း ကနေ တက်နိုင်သမျှ ရှောင်ကျဉ်ကြပြီး outdated ဖြစ်နေတဲ့ နည်းပညာပေါ်မှာသာ အထိုင်ချ လည်ပတ် နေကြတာပဲဖြစ်ပါ တယ် ။

SAP Business ByDesign လိုမျိုး Cloud ERP solution တွေအနေနဲ့ မတူညီတဲ့ အချက်ကတော့ ERP Provider ကနေပေးတဲ့ နောက်ဆုံး Version ကို အလွယ်တကူ ဆက်တိုက်ရရှိနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယနေ့ခေတ်မှာ ဦးဆောင်အသုံးပြုနေတဲ့ Cloud platform ပေါ်က Application တွေဟာ သင့်ရဲ့ ယခင် software version အဟောင်းမှာ ထည့်သွင်းပုံဖော်ထားတဲ့ Customization တွေနဲ့ Integration တွေကို Solution ကို update လုပ်ရာမှာ အပိုဆောင်းကုန်ကျစရိတ်မရှိစေပဲ အလိုအလျောက် သယ်ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။

တိုးတက်လာသော စနစ်၏ လုပ်ဆောင်နိုင်စွမ်း နှင့် လွယ်ကူစွာ အသုံးပြုနိုင်စွမ်း။

Cloud ERP ဟာ On-premise Solutions ထက် သာလွန်ကောင်းမွန်တဲ့ လုပ်ဆောင်နိုင်စွမ်းကိုလဲ ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Cloud Based software တွေရဲ့ တည်ဆောက်ထားတဲ့ ပုံစံအရ အမြင့်ဆုံးကွန်ယက် လုပ်ဆောင်နိုင်စွမ်း အတွက် ရည်ရွယ် အခြေပြု ပုံစံဆွဲထားတာဖြစ်ပြီး ယခင်သမားရိုးကျ On-premise ERP system တွေထက် လုပ်ဆောင်နိုင် စွမ်း ပိုမိုမြင့်မားတယ်လို့ဆိုချင်တာပါ။ သင့်လုပ်ငန်းရဲ့ စာရင်းဇယား အစီရင်ခံစာပါ ညွှန်းကိန်းများဟာ ပြေပြစ် ညီ ညွတ်မှုမရှိပဲ အတက်အကျများစွာကို ဖော်ပြနေပြီဆိုတဲ့ အချိန်မျိုးမှာ Cloud ERP ဟာ အဆိုပါ ညွှန်းကိန်းပြသနာတွေကို ထိန်းညှိ ကိုင်တွယ်ဖို့ရာ လုပ်ဆောင်ပေးပါတယ်။ အဖွဲ့အစည်းအတွင်း IT Team အနေနဲ့ကတော့ ဒီလိုလုပ်ဆောင်နိုင် စွှမ်းမျိုး ရှိစေနိုင်ဖို့ရာ အပြည့်အ၀ အာမခံချက်ပေးနိုင်မှာ မဟုတ်တဲ့အပြင် စနစ်အနေနဲ့ ဘယ်လောက် ပမာဏအထိ လည်ပတ်နေ တယ်ဆိုတာကိုလဲ Management ကို ပုံမှန်အစီရင်ခံနိုင်မှာ မဟုတ်ပါဘူး ။

Cloud-based ERP solution လို့ဆိုလိုက်တာနဲ့ အချက်အလက်တွေကို အင်တာနက်ကနေ တစ်ဆင့် အချိန်နဲ့ တစ်ပြေးညီ ရယူသုံးစွဲနိုင်စွမ်း ရှိနေတယ်ဆိုတာကိုပါ သတိထားဖို့ အရေးကြီးပါတယ်။ ဒါဟာ ဘာကိုဆိုလိုတာလဲဆိုတော့ သင့်ရဲ့ ဝန်ထမ်းတွေအနေနဲ့ ခရီးသွားနေတဲ့ အချိန်မျိုးမှာတောင် တိကျသေချာမှုရှိတဲ့ အချက်အလက်တွေကို ၎င်းတို့ရဲ့ Laptop တွေ၊ smart phone တွေနဲ့ Tablet တွေကနေတစ်ဆင့် ရယူနိုင်ပြီး အပိုဆောင်း ကုန်ကျစရိတ် လုံးဝရှိနိုင်မှာ မဟုတ်ပါဘူး။ Cloud-based ERP အနေနဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ အချိန်နဲ့ တစ်ပြေးညီ ချိတ်ဆက်သုံးစွဲနိုင်စွမ်းကို ပေးစွမ်းရုံသာမက ပြီးပြည့်စုံတဲ့ လုံခြုံရေးစနစ်ကိုလဲ ပေးရုံးသာမက သဘာဝဘေးဆိုင်ရာ ကာကွယ်မှုတွေအပြင် အချက်အလက်တွေကိုလဲ ပုံမှန် back-up ရယူပေးနိုင်တဲ့အချက်က On-premise ERP တွေမှာဆို အကောင်အထည်ဖော်ဖို့ရာ ကုန်ကျစရိတ်များလွန်းလှပါတယ် ။

လျှင်မြန်လွယ်ကူစွာ ဖြင့် အသုံးပြုနိုင်စွမ်းရှိခြင်း။

ဘယ်လို ERP မျိုးမဆို ပြည့်စုံကောင်းမွန်စွာနဲ့ စတင်အသုံးပြုနိုင်ဖို့ရာအတွက် အချိန်ပေးရသလို၊ သေချာ ဂရုတစ်စိုက် ဆွဲထားတဲ့ အစီအစဉ်တွေလဲ လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် Cloud-ERP အနေနဲ့ကတော့ သင့်အနေနဲ့ မြန်မြန်ဆန်ဆန်နဲ့ စတင်အသုံးပြုနိုင်ဖို့ကို လုပ်ဆောင်ပေးထားပါတယ်။ Cloud ERP အနေနဲ့ အပိုဆောင်း Hardware တွေ မလိုအပ်တဲ့ အတွက် လုပ်ငန်းအနေနဲ့ အဆိုပါ Hardware တွေကို ဝယ်ယူတပ်ဆင်ရတဲ့ အချိန်ကို လျှော့ချသက်သာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မတူညီတဲ့ နေရာဒေသတွေ၊ လုပ်ငန်းခွဲတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ဖို့ရာ အလွယ်တစ်ကူလုပ်ဆောင်နိုင်မှာ ဖြစ်ပြီး ကုန်ကျစရိတ်လည်းလုံး၀ မရှိနိုင်ပါဘူး။ တစ်ကယ်လို့ သင့်အနေနဲ့ Cloud-based ERP ကို ရွေးချယ်ခဲ့ပြီဆိုရင်တော့ ခုအောက်မှာ ဖော်ပြသွားမယ့် ထပ်လောင်းပေါင်းထည့်နိုင်ပါသေးတယ်။ On-premise ERP အနေနဲ့ စတင် အသုံးပြုနိုင်ဖို့ရာ အချိန် ၁၂ လ ကြာလုပ်ဆောင်ရမှာဖြစ်ပေမယ့် Cloud-Based ERP အနေနဲ့ကတော့ ၃ လ ကနေ ၆ လ အထိပဲ အချိန်ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင့် လုပ်ငန်းကြီးထွားလာမှုနဲ့အတူ အသုံးပြုသူတွေထပ်မံ ထည့်သွင်းရာမှာလဲ လိုက်လျောညီထွေမှုရှိတဲ့အပြင် ပိုမိုလွယ်ကူစွာပြုပြင် ထိန်းသိမ်းနိုင်ပါတယ်။ On-premise ERP အနေနဲ့ ကတော့ အထက်ပါ လုပ်ဆောင်နိုင်စွမ်းမျိုး မရှိတဲ့အပြင် တစ်ခါတစ်လေမှာ အသုံးပြုသူဝန်ထမ်းတွေရဲ့ အချက်အလက်ဆိုင်ရာ ရယူသုံးစွဲနိုင်မှု ကို ကန့်သတ်နိုင်ဖို့ရာ အပိုဆောင်း Hardware တွေပင်လိုအပ်နိုင်ပါသေးတယ် ။

အထက်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးကတော့ သင့်အနေနဲ့ On-Premise ERP လား Cloud-Based ERP လားဆိုတာကို ရွေးချယ်ရာမှာ အသုံးဝင်မယ့် အချက်အလက်များကို တင်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်။

#SAP #Vanguard_Myanmar #ERP #Business_Software #SAP_Myanmar #SAP_Gold_Partner #ERP_Myanmar