ကောင်းသောပြောင်းလဲခြင်း (သို့မဟုတ်) သင့်ရဲ့ လုပ်ငန်းကို ERP အသုံးပြုပြီး ချဲ့ထွင်ခြင်း။

ကုမ္ပဏီတွေ ၊ စီးပွားရေး လုပ်ငန်းတွေဟာ ပိုမိုများပြားလာတဲ့ တောင်းဆိုလာမှုတွေ၊ အပြန်အလှန် အကျိုးသက်ရောက်မှု တွေနဲ့ အခက်အခဲတွေကို စီမံခန့်ခွဲနိုင်ဖို့ရာအတွက် တော်လှန်ပြောင်းလဲလာတဲ့ စီမံခန့်ခွဲမှု Software တွေကို လိုအပ်လာမှု ဟာလဲ အမြင့်ဆုံး အတိုင်းအတာတစ်ခု ဖြစ်လာခဲ့ပါတယ်။ အရင်အချိန်တွေတုန်းကတော့ စီးပွားရေး လုပ်ငန်းအများစုဟာ Accounting Software လောက်နဲ့ ကြိုးစားရပ်တည်ခဲ့ကြပေမယ့် Enterprise Resource Planning (ERP) မွေးဖွားလာခြင်း နဲ့ အတူ ဒီ ညီမျှခြင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုစီကို ဦးဆောင်လာခဲ့ပါတယ်။ ပထမဆုံး ပြောရမယ်ဆိုရင်တော့ Accounting Software ဆိုတာဟာ စာရွက်စာတမ်းတွေ၊ အရောင်းအဝယ် စာရင်းအင်းတွေကို လည်ပတ်ပေးနိုင်ဖို့ ရည်ရွည် ထားတဲ့ Application အမျိုးအစားတစ်ခုဖြစ်ပြီး Product အလိုက်် လုပ်ဆောင်နိုင်စွမ်း ကွဲပြားခြားနားချက်တွေရှိနေပြီး COA (Chart of Account) ၊ Journal Entry ၊ Account Receivable/Payable ၊ Invoicing နဲ့ Accounting Reports စတာတွေ လိုမျိုး လုပ်ဆောင်နိုင်စွမ်းတွေ ပါဝင်ပါတယ်။ Enterprise Resource Planning System ဆိုတာကတော့ စီးပွားရေး လုပ်ငန်း ကြီး တစ်ခုလုံးရဲ့ လည်ပတ်မှုဖြစ်စဉ်တွေကို အသေးစိတ် စီမံခန့်ခွဲခြင်းပဲ ဖြစ်ပါတယ်။

၄င်းအနေနဲ့ စီးပွားရေးလုပ်ငန်းများနဲ့ အလိုလျောက် ဆောင်ရွက်နိုင်မယ့် ရုံးတွင်းပိုင်းလုပ်ငန်းတာဝန်များ ၊ ဝန်ဆောင်မှု လုပ် ငန်းများ ၊  နည်းပညာနဲ့ ယနေ့ ခေတ်မှာ အရေးပါလာတဲ့ လူ့အရင်းအမြစ်၊ စက်ပစ္စည်း၊ လုပ်ငန်းဆောင်ရွက်မှုနဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေကို  စီမံခန့်ခွဲနိုင်ဖို့ အတွက် သင့်လျော်မှုရှိတဲ့ သက်ဆိုင်ရာ Application ကွန်ယက်ကို အဖွဲ့ အစည်းအတွင်း အသုံးပြုစေပါတယ်။ ဒါကြောင့် Accounting Software System နဲ့ ERP Software System ဆိုတာ တစ်ခုနဲ့တစ်ခု လုံးဝ မတူညီတဲ့အပြင် နည်းပညာပိုင်းအရ ကြည့်မယ်ဆိုရင်လဲ တော်တော်လေး ကွဲပြားခြားနားစွာ စွမ်းဆောင်နိုင်တယ်ဆိုတာကို အခု အောက်မှာ ဖော်ပြမယ့် အကြောင်းအရာတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်မှာပဲ ဖြစ်ပါတယ် ။

ERP Software Systems VS Accounting Software System

ပြောရမယ်ဆိုရင်တော့ စနစ် ၂ ခုစလုံး ဟာ တူညီတဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်တာမျိုးလို့ ယူဆလို့ ရပေမယ့် Accounting Software တွေဟာ ERP Software လိုမျိုး စီးပွားရေး လုပ်ငန်းတစ်ခုရဲ့ အလုံးစုံသော ဘဏ္ဍာရေးရှုထောင့် တွေကို ခြုံငုံမိရုံသာ မဟုတ်ပဲ Accounting အတွက် မရှိမဖြစ် အရေးပါတဲ့၊ ဘဏ္ဍာရေးအပေါ် သက်ရောက်မှုရှိစေတဲ့  လုပ်ဆောင်မှု သတ်မှတ်ချက်တွေကိုပါ ဆောင်ရွက်နိုင်ဖို့ရာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့်လဲ Accounting Software ဆိုတာ ဟာ ERP Systems တစ်ခုရဲ့ အောက်ဖော်ပြပါ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ အင်္ဂါရပ်တွေအတွက် အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်တယ်လို့ ရဲရဲကြီး ပြောပါရစေ ။

အရောင်း နဲ့ လုပ်ငန်းပိုင်း ဆောင်ရွက်မှုဆိုင်ရာ စီမံခန့်ခွဲမှု။

ERP Software System အနေနဲ့ သင့်ရဲ့ Sales Process တွေ ၊ Operation Process တွေ ၊ Accounting Process တွေ ကို စီမံခန့်ခွဲဖို့ ကူညီပေးနိုင်တဲ့အပြင် ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ အစီရင်ခံစာတွေကိုပါ  ထိတွေ့လုပ်ဆောင်စေနိုင်စွမ်းဟာ Journal Entry တွေနဲ့ Invoice တွေကို ဖန်တီးဖို့ရာ အာမခံနိုင်တယ်ဆိုတာထက် ပိုပါတယ်။

အချိန်တိုအတွင်း အကျိုးသက်ရောက်မှုရှိစေခြင်းနဲ့ အချက်အလက်များကို ပေါင်းစည်းနိုင်စွမ်း။

ERP Systems အနေနဲ့ တော်တော်လေး ကောင်းမွန်တဲ့ တိကျမှန်ကန်မှုနဲ့ အချိန်အနည်းငယ်အတွင်း အကျိုးသက်ရောက်မှု ရှိစေခြင်းတို့ဟာ ကုမ္ပဏီအတွက် အချက်အလက်တွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းထဲ ရှိနေစေဖို့ လုပ်ဆောင် ရာမှာ ပိုမို လွယ်ကူစေပြီး အချိန်ကုန် သက်သာစေတဲ့အပြင်  အတည်တကျရှိပြီး တိကျတဲ့ ရလဒ်တွေကို ရရှိစေမှာဖြစ်တဲ့ အတွက် ထပ်ခါတစ်လဲလဲလုပ်ရတဲ့ အလုပ်တွေနဲ့ Manual Process တွေအားလုံးကို အဆုံးသတ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

စီးပွားရေး လုပ်ငန်းပိုင်းဆိုင်ရာ အစီရင်ခံခြင်း။

အစီအစဉ်ဆွဲခြင်းနဲ့ အနာဂတ်ရဲ့ အရှုံးအမြတ်ကို ကြိုပြီးသိမြင်နိုင်ခြင်း စတာတွေဟာ ကုမ္ပဏီတစ်ခုရဲ့ အောင်မြင်မလား၊ ကျရှုံးမလားဆိုတဲ့ ရလာဒ်တွေအတွက် အရေးပါတဲ့ မရှိမဖြစ်အချက်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစီရင်ခံစာတွေရဲ့ အရေးပါ မှုကို အတိုင်းအတာကို သိမြင်နိုင်ပါတယ်။ ERP Systems အနေနဲ့ကတော့ Process တစ်ခုလုံးကို လွယ်ကူ ချောမွှေ့ သွားစေတဲ့အပြင် အချိန်အများကြီးပေးပြီး ထုတ်ယူရတဲ့ အစီရင်ခံစာတွေကို အဆင့် အနည်းငယ်လောက်နဲ့ ရယူနိုင် လောက်အောင် ပိုပြီးကောင်းမွန်တဲ့ Reporting လုပ်ဆောင်နိုင်စွမ်းတွေကို စိတ်ကြိုက်ဖန်တီးယူခွင့်ပြု ထားပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ ကိုယ့်ရောင်းရတဲ့ ပစ္စည်း အရေအတွက် စာရင်း၊ ကုန်ပစ္စည်း ပို့ဆောင်မှု စာရင်းနဲ့ ငွေပေးချေမှုဆိုင်ရာ အစီရင်ခံစာလိုမျိုးတွေပဲ ဖြစ်ပါတယ်။

စုပေါင်း လုပ်ဆောင်နိုင်စွမ်း။

ERP System နဲ့သာဆိုရင် အချက်အလက်တွေကို မျှဝေတဲ့အခါမှာ ပိုမို ရိုးရှင်းလွယ်ကူသွားပြီးတော့ မတူညီတဲ့ အသုံးပြုသူ တွေအနေနဲ့ အလုံးစုံသော သတင်းအချက်အလက်တွေကို တစ်ချိန်တည်းမှာ ရယူ သုံးစွဲနိုင်ခွင့်ကိုရရှိစေမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းအတွင်း ဌာနတွေအားလုံးကိုလည်း စုစုစည်းစည်းရှိစေပြီး၊ Activities တွေ အားလုံးကိုလဲ ခြေရာကောက် နိုင်မယ့်အပြင် ဘယ်လို Business Process မျိုးမှာမဆို လုပ်ငန်းဆိုင်ရာ စာရင်းအင်းတွေကို လျင်လျင်မြန်မြန် ဆောင်ရွက် နိုင်စေတဲ့အတွက် ပိုပြီး သက်ရောက်မှုရှိတဲ့ လုပ်ငန်းသွားလာမှု ပုံစံတစ်ခုစီကို သဘာဝကျကျ ဦးဆောင်နေတယ်လို့ ပြောနိုင် ပါတယ် ။

ဆုံးဖြတ်ချက် ချနိုင်စွမ်း။

အဖွဲ့အစည်းတွေ၊ ကုမ္ပဏီ လုပ်ငန်းတွေ ကြီးထွားလာတဲ့အခါမှာ ပိုမို ရှုပ်ထွေးမှုများလာတာနဲ့အတူ စီမံကိန်းတွေမှာ ဦးဆောင် နေရသူတွေ အနေနဲ့လဲ အဲ့ဒီ လုပ်ငန်းကြီးထွားလာမှုနဲ့ အောင်မြင်မှုတွေအတွက် ဝေခွဲဆုံးဖြတ်ဖို့ ခက်ခဲတဲ့ လွှမ်းမိုးမှုတွေ ရှိလာပါတယ်။ လူတစ်ယောက်အနေနဲ့ လုပ်ဆောင်နိုင်ဖို့အတွက် များပြားလွန်းတဲ့ အဖြစ်အပျက်တွေလို့ ပြောလို့ရပါတယ်။ ERP Systems ကတော့ ရိုးရှင်းတဲ့ စာရင်းအင်း နည်းစနစ်တွေကို အနာဂတ်ရဲ့ အရှုံးအမြတ်ကို ခန့်မှန်းတွက်ချက်မှုတွေအထိ ကျော်လွန် အသုံးပြုစေပြီး စျေးကွက် ရေစီးကြောင်း ပြောင်းလဲမှုတွေ၊ အခွင့်အလမ်းကောင်းတွေ၊ ပိုမိုတဲ့ အမြတ်အစွန်း ရရှိ စေဖို့ နည်းလမ်းတွေ၊ ကုန်ထုတ်လုပ်မှု စရိတ်လျှော့ချမှုတွေ၊ ကုန်ပစ္စည်း အရည်အသွေး တိုးတက်လာစေမှုတွေနဲ့ စျေး ကွက်သစ်ဖော်ဆောင်မှုတွေကို ဆုံးဖြတ်ချက်ချရာမှာ အခြား ဦးဆောင်ဦးရွက်ပြုနေသူတွေထက် သာလွန်ထိရောက်တဲ့ ဆုံး ဖြတ်ချက်ချနိုင်စွမ်းကို ရရှိစေဖို့ရာ ကူညီပေးပါတယ်။

အသုံးပြုရလွယ်ကူခြင်း။

ERP System ဟာ လူတိုင်းအတွက် အလွန် လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်အောင် ဖန်တီးထားတဲ့ Software တစ်ခု ဖြစ် ပါတယ်။ အသုံးပြုသူတွေအနေနဲ့ အလိုလျောက် စာရင်းအင်းထည့်သွင်းရာမှာ အမှားတွေ မဖြစ်စေဖို့ကိုလဲ ကြိုတင်ကာကွယ် ပေးထားတဲ့အပြင် Sales Invoice လို Good Receipt လို လုပ်ဆောင်ချက်တွေကိုလဲ အလွယ်တကူ ချိတ်ဆက် ဘာသာပြန် နိုင်စွမ်းလဲ ရှိနေပါတယ် ။

သတင်းအချက်အလက်နဲ့ နည်းပညာခေတ်ကြီးမှာ များများထုတ်၊ များများသုံး ၀ါဒနဲ့ အဆုံးမရှိတဲ့ ပြောင်းလဲနေတဲ့ ရေစီး ကြောင်းတွေ၊ သတိထားမှုတွေ၊ အသေးစိတ် အားရုံစူးစိုက်မှုတွေနဲ့ ကောင်းမွန်မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ခြင်း စတာတွေ ဟာ ကုမ္ပဏီတစ်ခု အောင်မြင်ဖို့ရာ အဓိကကျတဲ့သော့ချက်ပဲ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုတွေကို တိကျသေချာမှုရှိတဲ့ အစီရင် ခံစာတွေ၊  ယုံကြည်စိတ်ချရတဲ့ ကြိုတင်ခန့်မှန်းချက်တွေနဲ့ စနစ်အဟောင်းကနေ အသစ်ကို ရဲရဲရင့်ရင့် ပြောင်းလဲနိုင် စွမ်းတွေကနေတစ်ဆင့် ရယူနိုင်ပါတယ်။ Accounting Software နဲ့ ERP System တို့ရဲ့ ကွာခြားချက်တွေကလဲ ထိုနည်း လည်းကောင်းပါပဲ။ ပထမအဆင့်အနေနဲ့ တိကျသေချာမှုကို ပေစွမ်းဖို့ ကြိုးစားခဲ့ပြီး၊ ဒုတိယ အဆင့် လုပ်ဆောင်ချက်အနေနဲ့ ကိန်းဂဏန်းတွေနဲ့ ပိုပြီးအကျိုးသက်ရောက်မှုရှိတဲ့ စျေးကွက်အကြားမှာ Professional ကျပြီး ထိုးထွင်းမြင်နိုင်စွမ်း ပြည့်ပြည့် ဝဝနဲ့ လုပ်ငန်းဟာ ဘယ်လိုလမ်းကြောင်းပေါ်သွားနေတယ်ဆိုတာကို ပြနိုင်ရုံသာမကပဲ ဘယ်လိုပုံစံမျိုးလုပ်ဆောင်ရင် ပိုပြီး ကောင်းမွန်လိမ့်မယ်လို့ အကြံပြုနိုင်လောက်တဲ့အထိကိုပါ ဖွင့်လှစ်မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။

Stay tune to this page!

#SAP #ERP #VANGUARD_MYANMAR #SAP_MYANMAR #LOCAL_PARTNER