အသေးစားလုပ်ငန်းရှင်များအတွက် ၂၀၁၈ ခုနှစ် မှာ ထားရမယ့် ရည်မှန်းချက် ၅ ခု ။

၂၀၁၇ ခုနှစ်ကို သင့်အနေနဲ့ ကျော်ဖြတ်ခဲ့ပြီးပါပြီ ။ ၂၀၁၈ ခုနှစ်မှာ ဆက်လက်ပြီးအောင်မြင်မှုတွေရယူဖို့ အတွက် ပြင်ဆင်ရပါတော့မယ် ။ ဒီ့အတွက် အသေးစားလုပ်ငန်းရှင်များအတွက် ၂၀၁၈ မှာ ထားရှိရမယ် ရည်မှန်းချက် ၅ ခု ကို ဖော်ပြပေးလိုက်ပါတယ် ။

၂၀၁၇ ခုနှစ်ကို ပြန်လှည် သုံးသပ်ပါ ။

၂၀၁၇ ခုနှစ်ကို ကျော်ဖြတ်ခဲ့ပြီးပြီ ဆိုပေမယ့် ချန်ထားခဲ့လို့တော့ မရသေးပါဘူး ။ သင့်လုပ်ငန်းဟာ ဘယ်လို ပုံစံမျိုး ရှိခဲ့လဲဆိုတာနဲ့ အမြတ်အစွန်း အတွက် ဘယ်လိုလည်ပတ်မောင်းနှင်ခဲ့ တယ်ဆိုတာကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါသေးတယ် ။ ဘာတွေ ဖြစ်မလာခဲ့ဘူး လဲ ဆိုတာနဲ့ သင့် ဘတ်ဂျတ် ကို ဘယ်လို စီမံအသုံးချခဲ့လဲ ၊ ဘယ်လိုအားထုတ်မှုတွေ ရှိခဲ့လဲဆိုတာ ကို ပြန် လေ့လာဖို့ လိုပါတယ် ။ အောင်မြင်ခဲ့တာ ပဲ ဖြစ်ဖြစ် ၊ ကျရှုံးခဲ့တာပဲ ဖြစ်ဖြစ် ဒီအချက်အလက်တွေကို အသုံးချပြီး ၂၀၁၈ မှာ သင့်အနေနဲ့ ဘယ်လိုအောင်မြင်မှု တွေကို သိမ်းပိုက်မလဲဆိုတာ ကို သင်ယူရမယ့် အချိန်ပဲ ဖြစ်ပါတယ် ။

သင့် ဖောက်သည်တွေ ရဲ့ အားပေးမှုများ တိုးတက်လာပါစေ။

၂၀၁၈ မှာ သင့်ပြိုင်ဘက်တွေ အနေနဲ့ သင့် ဖောက်သည်တွေကို လုယူဖို့ ရာ ကြိုးပမ်းမှုများရှိလာနိုင်ပါတယ် ။ ဒီအတွက် သင့်အနေနဲ့ ဖောက်သည်တွေ သင့်ဆီမှာ ဆက်ပြီးတည်မြဲနေဖို့ အစီအစဉ်ကောင်းတစ်ခု ရှိနေဖို့ သေချာပေါက်လို အပ်ပါတယ် ။ သင့် ရဲ့ လုပ်ငန်းဟာ လက်လီ ရောင်းချမှု ပုံစံ မဟုတ် ခဲ့ ဘူးဆိုရင်တောင်မှ လက်လီ ရောင်းချသူတွေ အနေနဲ့ Loyalty Points Program တွေ သို့မဟုတ် Special Promotion တွေ ကနေ တစ်ဆင့် သင့်ရဲ့ လက်ရှိ ဖောက်သည်တွေကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်ပါတယ် ။ ဒါ့ကြောင့် သင့်ဖောက်သည်တွေ အနေနဲ့ သင့်အတွက် သူတို့ ဟာ အဖိုးမဖြတ်နိုင်ဘူးဆိုတာနဲ့ ၊ သင်နဲ့ အတူ လက်တွဲ နေခြင်းဟာ သူတို့ အတွက် အကျိုးဖြစ်ထွန်း စေတယ်ဆိုတာ ကို သေချာစေဖို့ အချိန်ပေးဆောင်ရွက်သင့်ပါတယ် ။

၀န်ထမ်းတွေ အပေါ်မှာ ဂရုစိုက်ပါ။

ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဟာ ကောင်းမွန်စွာ ပြုမူဆောင်ရွက်နိုင်တဲ့ အရည်အချင်း ရှိသူတွေ လိုအပ်ပါတယ် ။ သင့်အနေနဲ့ ၀န်ထမ်းကောင်းတွေ ကို ထိန်းသိမ်းထားရုံ သာမက ပဲ ၊ အရည်အချင်း ရှိတဲ့ လူသစ်တွေကိုလဲ ဆွဲဆောင်မွေးမြူထားနိုင်ဖို့ လိုပါတယ် ။ တစ်ကယ်လို့ သင် ဖြစ်စေချင်သလို ဖြစ်မလာတဲ့ ၀န်ထမ်းမျိုးရှိတယ်ဆိုလဲ သူတို့ အရည်အချင်းကို တိုးတက်လာစေဖို့ နည်းလမ်းပြဆောင်ရွက်နိုင်ဖို့ လိုပါတယ် ။ လိုအပ်လာရင် အဖွဲ့အစည်း ရဲ့ အပြင်ကနေ စီမံခန့်ခွဲ ပါ။ ၀န်ထမ်းတွေကြောင့် သင့်လုပ်ငန်း ကို မနှောင့်နှေးပါစေနဲ့ ။

Social Media Marketing ကို အဆင့်မြှင့်တင်ပါ။

နှစ်တွေ ကြာပြီးနောက် ၊ Social Media Marketing ဟာ အရောင်းမြှင့်တင်ခြင်း နဲ့ သေချာတဲ့ အောင်မြင်မှု ကိုရရှိဖို့ရာ ပိုပိုပြီး အရေးပါလာပါတယ် ။ အကယ်၍ သင့်မှာ Social Media နဲ့ ပတ်သတ်တဲ့ Marketing Strategy ရှိမနေသေးဘူးဆိုရင်တော့ သင့်ရဲ့ ၂၀၁၈ ရည်မှန်းချက်တွေထဲ မှာ ထည့်သွင်းထားလိုက်ပါ ။ တစ်ကယ် လို့ သင့်မှာ ရှိပြီးသားဆိုရင်တော့ ၂၀၁၇ ခုနှစ်ရဲ့ လုပ်ဆောင်ချက်တွေကို အခြေခံပြီး ဘယ်လိုကောင်းမွန်မှန်ကန်တဲ့ ခြေလှမ်းမျိူးနဲ့ စတင်မယ်ဆိုတာ ကို သေသေချာချာ အစီအစဉ် ဆွဲထားဖို့လိုအပ်ပါတယ်။

လုပ်ငန်းချဲ့ထွင်ဖို့ရာ အစီအစဉ်များ ချမှတ်ပါ။

တစ်ကယ်လို့ သင့်ရဲ့ လုပ်ငန်းဟာ ကြီးထွားမလာခဲ့ဘူးဆိုရင်၊ သင်ဟာ နောက်ကောက်ကျနေပြီဆိုတာကို ကောင်းကောင်းကြီး နားလည်ထားရမှာပါ ။ သင့် ကို ခြိမ်းခြောက်နေတဲ့ ပြိုင်ဘက်တွေဟာ သူတို့ ရဲ့ လုပ်ငန်း တိုးချဲ့ ကြီးထွားလာဖို့ အစွမ်းကုန် ကြိုးစားကြမှာဖြစ်တဲ့အတွက် သူတို့ က သင့်ထက်သာသွားတာမျိုး မဖြစ်ပါစေနဲ့ ။ ၂၀၁၈ ခုနှစ်မှာ သင့်လုပ်ငန်း ရဲ့ စျေးကွက် အနေအထား တိုးတက်လာစေဖို့ အတွက် ကိစ္စကြီးကြီး ဖြစ်စေ ငယ်ငယ် ဖြစ်စေ ဦးစားပေး ဖော်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

ဤဆောင်းပါးကို Aaron Solomon ၏ Five Goals For Small Business Owners For 2018 မှ ကောက်နှုတ် တင်ပြထားခြင်း ဖြစ်ပါတယ်။

#SAP #ERP #VANGUARDMYANMAR #SAPBusinessOne #Competitor