အသွင်ပြောင်းမလား ဒါမှမဟုတ် အရှုံးပေးမလား၊ Digital Economy ခေတ် မှာ သင်ဘာလုပ်မလဲ ။

လက်ရှိ အချိန်မှာတော့၊ Digital Economy ဟာ အခွင့်အလမ်းတစ်ခုပဲ ဖြစ်လေမလား။ ဒါမှမဟုတ် အန္တရာယ်တစ်ခုပဲ ဖြစ်လေမလားဆိုတာကို စီမံခန့်ခွဲသူအများစုဟာ ကောင်းကောင်းကြီး သတိထားနေရပါပြီ။ ဒီမေးခွန်းဟာ စီမံခန့်ခွဲသူတွေ အနေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို Digital Economy နဲ့ ထိတွေ့ဆက်ဆံသင့်၊ မသင့် ဆိုတာမျိုးထက် ခေတ်သစ် နည်းပညာ တွေရဲ့အစွမ်းကို အသုံးပြုပြီး လုပ်ငန်းကိုပိုပြီး တိုးတက်ကောင်းမွန်လာအောင် ဘယ်လိုလုပ်မလဲ ၊ IT ပိုင်း ဆိုင်ရာ ရင်းနှီး မြုတ်နှံမှုတွေနဲ့ ကိုယ်တိုင် ဆန်းသစ်တီထွင်မှုတွေဟာ ကိုယ့်အတွက် အနှောက်အယှက်မရှိအောင် ဘယ်လို ဆောင်ရွက် မလဲဆိုတာမျိုးတွေအထိ ပြောချင်တာပါ ။

ယခုတိုင် စီမံခန့်ခွဲသူအများစုဟာ ဒီလို အပြောင်းအလဲ စိန်ခေါ်မှုတွေကို မနှစ်မြို့ကျသေးပါဘူး။ MIT Sloan And Capgemini ရဲ့ လတ်တစ်လော တွေ့ရှိချက်အရ ၁၅ ရာခိုင်နှုန်းသော CEO များသာလျှင် Digital မဟာဗျူဟာကို လက်တွေ့ အကောင်အထည်ဖော် အသုံးပြုလျက်ရှိတာကိုတွေ့ရပြီး ကျန်တဲ့ ၉၀% ရာခိုင်းနှုန်းကတော့ Digital Economy ဟာ သူတို့ရဲ့ လုပ်ငန်းအပေါ်ကို ရိုက်ခတ်သက်ရောက်မှုရှိမယ်လို့ အထင်ရောက်နေတုန်းပါပဲ။ ဒီအဖြစ်မှန်ကို လစ်လျူရှုနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ကတော့ Digital Transformation ကို စောစောစီးစီး  လက်ခံကျင့်သုံးနိုင်ခဲ့ပြီး  သာမန်ထက် ၉ ရာခိုင်းနှုန်း ၀င်ငွေတိုးလာတာမျိုး၊ ၂၆ ရာခိုင်နှုန်းအထိ အမြတ်အစွန်းရှိလာတာမျိုးအပြင် စျေးကွက်တန်ဖိုးမှာလဲ ၁၂ ရာခိုင်နှုန်း အထိ တိုးတက်လာတာမျိုးစတဲ့ အသီးအပွင့်တွေကို ခံစားရမှာပါ။

ဘာလို့များ ခေါင်းဆောင်ပိုင်းအတော်များများဟာ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အသွင်ပြောင်းလဲပြီး နည်းပညာပေါင်းစုံ နဲ့ ချိတ်ဆက်ထားတဲ့ ဒီအခွင့်အလမ်းကို အမိအရ မဖမ်းဆုပ်ချင်ရတာလဲ။

အဖြေကတော့ ရှင်းပါတယ်။ “လူ” ဆိုတဲ့ သဘောသဘာဝကြောင့်ပါ။ မွေးရာပါဗီဇအရ “လူ” ဆိုတာမျိုးဟာ ပြောင်းလဲရမှာ ကို သဘောမတွေ့တတ်ကြပါဘူး။ ကျွန်တော်တို့ဟာ အတည်တကျရှိမှုနဲ့ ကြိုတင်ခန့်မှန်းနိုင်မှုတွေမှာ နှစ်ခြိုက်စရာကို ရှာဖွေ တွေ့ရှိခဲ့ရင်တောင် ပြောင်းလဲမှုအတွက် တွေဝေနေကြတုန်းပါပဲ။ စိတ်မကောင်းစွာနဲ့ပဲ ၊ Digital Economy ဟာ အဲ့ဒီ အ ကြောင်းအရာတွေထဲ က တစ်ခုမှမဟုတ်ခဲ့ပါဘူး။ သူဟာ အရှိန်အဟုန် အပြည့်နဲ့ အမြဲတမ်းတိုးတက်ဖြစ်ပေါ်နေတာပါ။

Digital Transformation ဟာ ရွေးချယ်စရာတစ်ခု ဟုတ်မနေတော့ပါဘူး၊ သူဟာ မရှိမဖြစ်လိုအပ်မှု တစ်ခုပါ ။

ခုလက်ရှိမှာတော့၊ ကျွန်တော်တို့ဟာ ဆက်သွယ်မှုတွေ၊ အချက်အလက်တွေနဲ့ ဆန်းသစ်တီထွင်မှုတွေရဲ့ ဖောက်ထွက်လာမှု ကို တွေ့မြင်ရမှာပါ။ ဒီ နည်းပညာပေါင်းစုံနဲ့ ချိတ်ဆက်ထားခြင်းဟာ ကစားပွဲကို ပြောင်းလဲခဲ့တယ်ဆိုပေမယ့် တစ်ကယ် တမ်းတော့ Customer တွေရဲ့ ရိုးရှင်းတဲ့ တောင်းဆိုမှုတွေ၊ အဆင်ပြေချောမွေ့မှုတွေနဲ့ အသေးစိတ်ဆန်တဲ့ ပုဂ္ဂလ အတွေ့ အကြုံစတဲ့ စည်းမျဥး်တွေကို အခြေခံကျကျ ပြောင်းလဲသွားတာမျိုးဖြစ်ပါတယ်။

သန်းပေါင်းများစွာသော လူတွေဟာ လူမှုကွန်ယက်တွေနဲ့ Digital လူမှု အသိုင်းအဝန်းတွေကို ၀န်ဆောင်မှုပေးဖို့၊  အသိအမြင်တွေ ဝေမျှဖို့နဲ့ ရောင်းဝယ်ဖောက်ကားဖို့ အသုံးပြုနေကြပါတယ်။ ဒီလိုမျိုးတွေ လုပ်ဆောင်နေချိန်မှာပဲ စားသုံးသူ တွေကို ဆွဲဆောင်လှုံ့ဆော်ဖို့ Channels အသစ်တွေ ဖန်တီးလာခဲ့ကြပြီး၊ အရင်းအမြစ်တွေကို အသုံးချရာမှာ ပိုပြီး ကောင်း မွန်အောင်ပြုလုပ်တဲ့ နည်းလမ်းတွေ ပေါ်ထွက်လာပါတယ်။ ဒီလူမှုအသိုင်းအဝန်းတွေဟာ စီးပွားရေး လုပ်ငန်းတွေကို စားသုံးသူ ဘာလိုချင်လဲ ဆိုတာမျိုး ပေးရုံသက်သက်မဟုတ်ပဲ စီးပွားရေး ကွန်ယက်ကို ဘယ်လိုအားထုတ် ဖြန့်ကျက်ပြီး ကနဦးတန်ဖိုးကို ဘယ်လိုတိုးချဲ့ရမလဲဆိုတာကိုပါ ချိန်ညှိပေးပါတယ် ။

အခွင့်အလမ်းတွေကို မိမိရရ ဦးဆောင်ဆုပ်ကိုင်နိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အာရုံခံ ကိရိယာတွေ၊ ခေတ်မှီ အချက်အလက် သိုမှီး ပုံဖော်မှုတွေနဲ့ လူမှုကွန်ယက်တွေကို ပြည့်ပြည့်ဝဝအသုံးချဖို့ လိုကိုလိုအပ်ပါတယ်။ အရေးအကြီးဆုံး ကတော့ အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ နည်းပညာကမ္ဘာမှာ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို အံဝင်ခွင်ကျဖြစ်အောင် ပြောင်းလဲဖန်တီးဖို့ လိုအပ်ပါတယ် ။

Digital Transformation ရဲ့ အရေးပါမှုကို သိရှိနားလည်တဲ့ လုပ်ငန်းအချို့နဲ့ သူတို့ရဲ့ ရလဒ်ကောင်းတွေကို ဖော်ပြပေး လိုက်ပါတယ် ။

  1. Under Armor: ဖိနပ်တွေနဲ့ အဝတ်အထည်တွေကို ဖြန့်ဖြူးရောင်းချတဲ့ နာမည်ကြီး အားကစား အမှတ်တံဆိပ် တစ်ခုအဖြစ်နဲ့သာမကပဲ သူတို့ဟာ Digital Platform ကနေတစ်ဆင့် လူပေါင်း (၃၈) သန်းနဲ့ ချိတ်ဆက်ထားပြီး လုပ်ငန်းရဲ့ ၀န်ဆောင်မှုအပိုင်းကို အဓိကထား ဆောင်ရွက်ရင်းနဲ့ Under Armour ဟာ သူရဲ့ ထုတ်ကုန်တွေကနေ တစ်ဆင့် လူနေမှုဘဝနဲ့ ကျန်းမာရေး အကြံပေးဖြစ်လာဖို့ လုပ်ယူနိုင်ခဲ့ပါတယ်။
  2. Port of Hamburg: ဥရောပရဲ့ ဒုတိယ အကြီးဆုံးဆိပ်ကမ်းဟာ ကုန်တင်၊ ကုန်ချယာဉ်တွေနဲ့ သဘောင်္ထုတ်လုပ်မှု တွေကို အချိန်ပြည့် ထိန်းသိမ်းလုပ်ဆောင်လျက်ရှိပါတယ်။ စက်ရုံတွေ၊ ရာသီဥတု အခြေအနေတွေ၊ ကုန်တင် ကုန်ချ ယာဉ်လမ်းကြောင်း အခြေအနေတွေနဲ့ တင်ပို့မှု အချိန်ဇယားတွေကို ချိတ်ဆက်ထားခြင်းအားဖြင့် ဆိပ်ကမ်း အနေနဲ့ Physical Space ကို ချဲ့ထွင်စရာမလိုပဲ Container Handling Capacity ကို ၁၇၈ ရာခိုင်နှုန်းအထိ တိုးချဲ့ အသုံးချနိုင်ခဲ့ပါတယ် ။
  3. Haier Asia: နိုင်ငံတကာမှာ လူသိများတဲ့ ဒီနာမည်ကြီး လျှပ်စစ်နဲ့ အိမ်သုံးပစ္စည်းလုပ်ငန်းကတော့ အားလုံးထက် လက်ဦးမှုရယူပြီး စတင်ပြောင်းလဲလာတဲ့ စားသုံးသူတွေရဲ့ အပြုအမူတွေကို အမိအရ ဖမ်းဆုပ်နိုင်ဖို့နဲ့ ကုန်ပစ္စည်း ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ အရှိန်အဟုန်မြှင့်တင်နိုင်ဖို့အတွက် Digital Transformation ရဲ့ အခြေခံဝန်ဆောင်မှု ပုံစံ တည်ဆောက်ဖို့ရာ နည်းလမ်း ၂ သွယ်နဲ့ အသုံးပြုချဉ်းကပ်ခဲ့ပါတယ် ။

အောက်တိုဘာ ၁၉ – ၂၀ SAP TechEd  မှာ ကျင်းပပြုလုပ်ခဲ့တဲ့ SAP Executive Technology Summit မှာဆိုရင် ထိပ်တန်း CIO, CTO တွေနဲ့ အလုပ်အမှုဆောင်တွေဟာ Digital Transformation နဲ့ပတ်သတ်ပြီး စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ SAP Board Member များနဲ့ ထိပ်တန်း နည်းပညာ ဦးဆောင်သူများရဲ့ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း အပြန်အလှန်ဆွေးနွေးမှုများနဲ့အတူ လက်ရှိနည်းပညာ အ ဆောက်အဦးကို ဘယ်လို မှန်ကန်တဲ့ နည်းလမ်း နဲ့ အကောင်းဆုံး အကောင်အထည်ဖော်မလဲဆိုတာ ကို အတွေးအခေါ်များ ဖလှယ်ခဲ့ကြပါတယ်။

အဆုံးသတ်အနေနဲ့ Digital Economy ခေတ်အကြောင်းလေ့လာ ပြောင်းလဲရင်း လက်ရှိအနေအထားအတွက် ERP Software အသစ် ရှာဖွေခြင်းနဲ့ ဘယ်လိုနေရာမျိုးမှာ ရေရှည်အသုံးပြုချင်လဲ၊ တစ်ကယ်လို့ ဘယ် ERP Software က သင့် လုပ်ငန်းနဲ့ အသင့်တော်ဆုံးဖြစ်မလဲဆိုတာ သံသယ ရှိနေတယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ consultant တွေက သင့် အတွက် အကောင်းဆုံးအကြံဉာဏ်ကိုပေးဖို့ အမြဲအဆင်သင့်ရှိနေပါတယ်။

#SAP #ERP #VanguardMyanmar #SAPBusinessOne #SAPMyanmar