သင်ဟာ Cloud နည်းပညာကို အသုံးပြုမနေဘူးဆိုရင်တော့၊ သင်ဟာ ခေတ်နောက်ကျ နေပါပြီ။

IDC 2018 ခန့်မှန်းချက်အရ အကယ်၍ သင်ဟာ Cloud နည်းပညာကို အသုံးပြုမနေဘူးဆိုရင်တော့၊ သင်ဟာ ခေတ်နောက်ကျ နေပါပြီ။

IDC Research ဟာ 2018 ခုနှစ်အတွက် ထိပ်တန်း ခန့်မှန်းချက် (၁၀) ခု ကို ထုတ်ပြန်ခဲ့ပြီး ဘာ့ကြောင့် စီးပွားရေးလုပ်ငန်း တိုင်းဟာ Digital-Native ဖြစ်ရမယ်ဆိုတာကို အဆိုပါ ခန့်မှန်းချက်မှာ ရှင်းလင်းတင်ပြထားပါတယ်။ IDC ရဲ့ Senior Vice President နဲ့ Chief Analyst ဖြစ်တဲ့ Frank Gens ဟာ “IDC FutureScape: Worldwide IT Industry 2018 Predictions.” ဆိုတဲ့ ခေါင်းစဉ်နဲ့ အတူ CEO တွေ Line-of-business တွေနဲ့ IT အဖွဲ့အစည်းတွေအတွက် တန်ဖိုးကြီးမားတဲ့ To-do list ကို မျှဝေပေးခဲ့ပါတယ်။ သူပေးချင်တဲ့ အဓိကအချက်ကတော့ စီးပွားရေး လုပ်ငန်းတွေဟာ Cloud နည်းပညာပေါ် အလျှင်အမြန် အသုံးပြုလာကြပြီး စီးပွားရေးလုပ်ငန်းတိုင်းရဲ့ ecosystem ဟာ Digital Transformation ခရီးရှည်ကို အရှိန်အဟုန်မြှင့်ဖော်ဆောင်နိုင်ဖို့အတွက် AI နည်းပညာတွေ၊ machine learning တွေ၊ IoT (Internet of Thing) တွေ၊ Augmented Reality (AR)၊ Virtual Reality(VR) နဲ့ blockchain စတဲ့ hyper-connect industry တွေကို အသုံးပြုရလိမ့်မယ်ဆိုတာပါပဲ။

စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကျယ်ပြန့်တဲ့ Digital Innovation Networks မှာ Operation အပိုင်းကို သေချာပေါက် ပြန်လည်ဖွဲ့စည်းတည်ဆောက်ရမှာဖြစ်ပြီး သက်ရောက်မှုအဖြစ် အဖွဲ့အစည်းပုံစံ မျိုးစိတ်အသစ်တစ်ခု ဖြစ်လာမှာပါ။ ကျွန်တော်တို့အနေနဲ့ Digital ၀န်ဆောင်မှု တွေနဲ့အတူ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲလာနေတဲ့ ဆန်းသစ်တီထွင်မှု တွေကို ဘွားကနဲ မြင်တွေ့လာရမှာပါ။ Digital Transformation ခရီးရှည်ကြီးကို ဘယ်လို မြန်မြန်ဆန်ဆန် မောင်းနှင် အကောင်အထည်ဖော်ရမလဲဆိုတာဟာ နယ်ပယ်အသီးသီးမှာရှိတဲ့ CEO တွေရဲ့ အတွေးထဲမှာ အချိန်ပြည့် နေရာယူထား ပါတယ်လို့ Gens ကဆိုပါတယ်။ အနာဂတ်မှာလည်း အရာရာတိုင်းဟာ Cloud နည်းပညာနဲ့အတူ အသက်ဝင်နေတာကို မြင်တွေ့ချင်လှတယ်လို့လဲ ဆိုပါတယ်။ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ Cloud Supplier တွေရဲ့ ဘယ်လောက် အတိုင်း အတာအထိ အထောက်အပံ့ လုပ်ပေးနိုင်လဲဆိုတဲ့ အချက်အလက်တွေကို မူတည်ပြီးတော့ အရည်အသွေးကို ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။  တစ်ကယ်လို့ သင်ဟာ Cloud နည်းပညာကို အသုံးပြုတစ်ယောက် ဟုတ်မနေခဲ့ဘူးဆိုရင်တော့ သင်ဟာ ခေတ်နောက်ကျကျန်ခဲ့ပါပြီ။

IDC ရဲ့ IT ပိုင်းဆိုင်ရာ ထိပ်တန်းခန့်မှန်းချက် (၁၀) ခု ကတော့ –

  1. 2019 ခုနှစ်မှာ Digital Transformation ရဲ့ 40 % ဟာ AI Services တွေကို အစပျိုး အသုံးပြုလာနိုင်ပြီး၊ 2021 ခုနှစ်မှာတော့ 75% သော Commercial Enterprise App တွေဟာ AI ကို ိအသုံးပြုလာဖွယ်ရှိပါတယ်။ စားသုံးသူတွေရဲ့ 90% ဟာ Customer Support Bot တွေနဲ့ ထိတွေ့ အသုံးပြုလာနို်င်ပြီး၊ 50% နှုန်းသော လုပ်ငန်းသုံး Robots အသစ်တွေမှာလဲ AI ၀န် ဆောင်မှု ပါ၀င်လာမယ်လို့ ခန့်မှန်းထားပါတယ် ။
  1. 2020 ခုနှစ်မှာတော့၊ စီးပွားရေး လုပ်ငန်းတိုင်းလိုလိုဟာ Digital Transformation မဟာဗျူဟာတွေကို အဖွဲ့ အစည်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက် အသုံးချမှုများ ရှိလာနိုင်ပြီး Digital စီးပွားရေးစနစ် အတွင်းမှာ ယှဉ်ပြိုင်ထိုးနှက်နိုင်ဖို့အတွက် အဓိကကျပြီး မဟာဗျူဟာမြောက် IT နည်းပညာ အသစ်တွေကို အကောင်အထည် ဖော်ဆောင်ရွက်မှုများ ရှိလာနိုင်ပါတယ်။
  1. ထပ်မံပြီး 2020 ခုနှစ်မှာပဲ Human-Digital(HD) interface မျိုးစုံ ပေါ်ပေါက်လာနိုင်ပြီး၊ 25% သော Field Technician တွေနဲ့ သတင်းအချက်အလက်နဲ့ လုပ်ငန်း လုပ်ဆောင်သူတွေဟာ AR ကို အသုံးပြုလာနိုင်ဖွယ်ရှိပြီး၊ Mobile Apps တွေရဲ့ 50% နီးပါးဟာ အသံဖြင့် စေခိုင်းလုပ်ဆောင်နိုင်စေခြင်းကို Primary Interface အဖြစ် အသုံးပြုလာဖို့ရှိတယ်လို့ ဆိုထားပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းပေါင်း 2000 ကျော်ရဲ့ 50% ဟာလဲ စားသုံးသူတွေရဲ့ အတွေ့အကြုံတွေကို အသေးစိတ်သိရှိနိုင်ဖို့ Biometric Sensors တွေကို အသုံးပြုလာ ကြလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။
  1. ဆက်လက်ပြီးတော့ 2020 ခုနှစ်မှာ 90% သော Large Enterprises တွေဟာ သူတို့ရဲ့ ၀င်ငွေကို Data-as-a-service များ၊ Raw Data ရောင်းချခြင်းများ၊ Derived Metric များ၊ တွေးခေါ်သုံးသပ်မှုများနဲ့ ထောက်ခံချက်များ ကနေ တစ်ဆင့် ရရှိလာမှာဖြစ်ပြီး 2017 ခုနှစ်ထက် 50% နီးပါး တိုးပွားလာဖွယ်ရှိပါတယ်။
  1. 2021 ခုနှစ်မှာတော့ Global GDP ရဲ့ 50% ဟာ Digitized ဖြစ်လာမှာဖြစ်ပြီး 2020 ခုနှစ် မှာတော့ ရင်းနှီးမြုတ်နှံ သူတွေဟာ platform/ecosystem တွေ၊ Data value တွေနဲ့ customer engagement metrics တွေကို စီးပွား ရေး လုပ်ငန်းတွေ အားလုံးအတွက် valuation factors အဖြစ် အသုံးပြုလာကြလိမ့်မယ်လို့ အဆိုပါ သုတေသနက ဆိုထားပါတယ် ။
  1. ထို့အပြင် 2021 ခုနှစ်မှာပဲ Cloud ၀န်ဆောင်မှုတွေနဲ့ Cloud နည်းပညာ အသုံးပြု Hardware၊ Software နဲ့ Service တွေရဲ့ အသုံးချမှုစရိတ်ဟာ $ 530 Billion အထက်ရှိလာနိုင်ပြီး  အမျိုးမျိုးသော Cloud နည်းပညာတွေ အနေနဲ့ Cloud Edge 20% ၊  Specialized Compute 15% နဲ့ Multi Cloud 90% အဖြစ် အသီးသီး ရင်းနှီးမြုတ်နှံ အသုံးချမှု ရှိလာနိုင်ပါတယ် ။
  1. 80% သော cloud platform ပေါ်က Application Development တွေဟာ microservice တွေနဲ့ function တွေကို အသုံးပြုလာခြင်းနဲ့အတူ Enterprise App တွေဟာ hyper-agile architectures အဖြစ် အသွင်ပြောင်း လာနိုင်ဖွယ်ရှိပြီး 95 % နဲ့ အထက် microservice အသစ်တွေဟာလဲ ပေါ်ထွက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
  1. 2021 ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းပေါင်း 2000 ကျော်မှာ အနည်းဆုံး 25% လောက်ဟာ Blockchain Services ကို Digital Trust အတွက် အခြေခံအုတ်မြစ်အဖြစ် အသုံးချလာနိုင်ပြီး၊ 2020 ခုနှစ်မှာတော့ Global Bank Transaction တွေရဲ့ 25% ၊ ထုတ်လုပ်မှု လုပ်ငန်းတွေနဲ့ လက်လီဖောက်ကားရောင်းချသူတွေရဲ့ 30% နီးပါးနဲ့ ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းတွေရဲ့ 20% လောက်အထိ Blockchain ကွန်ယက်ကို သူတို့ရဲ့ ထုတ်လုပ်မှု အပိုင်းမှာ အသုံးပြုလာမယ်လို့ ဆိုထားပါတယ်။
  1. ထပ်မံပြီး 2021 ခုနှစ်မှာပဲ non-traditional tech developers တွေ အနေနဲ့ Business Application တွေရဲ့ 20% နဲ့ 30% သော Application Features အသစ်တွေကို တည်ဆောက်လာနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
  1. ဆက်လက်ပြီး 2021 ခုနှစ်မှာပဲ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းပေါင်း 2000 ကျော်ရဲ့ တစ်ဝက်ခန့်ဟာ သူတို့ရဲ့ Digital Services တွေဟာ Open API ecosystems ကနေ တစ်ဆင့် ဘယ်လိုလွှမ်းမိုး စီးဆင်းနေသလဲ ဆိုတာကို ပျမ်းမျှသိရှိနိုင်မှာဖြစ်ပြီး လက်ရှိမှာတော့ ဖြစ်နိုင်ခြေမရှိသေးပါဘူး။

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်အလက်များ ဟာ “Forbes SAPVoice” တွင် ဖော်ပြခဲ့သော အကြောင်းအရာများ ဖြစ်ပြီး လူကြီးမင်းတို့အနေဖြင့် ထပ်မံသိရှိလို့ပါက Vanguard Myanmar ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Stay tune to this page!

#SAP #ERP #VanguardMyanmar #SAPBusinessOne #SAPMyanmar