ယနေ့ခေတ် စျေးကွက်ဖော်ဆောင်သူတွေနဲ့ သတင်းအချက်အလက်

ဆယ်စုနှစ်နှစ်ခုကျော်လောက် ဖြတ်သန်းအပြီးမှာ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာတန်ဖိုးတွေ ၊ အသုံးချမှုတွေနဲ့ အချက်အလက်တွေကို စီမံခန့်ခွဲမှုတွေဟာ သိသိသာသာ ပြောင်းလဲလာခဲ့ပါတယ် ။ တစ်ချိန်တုန်းက တစ်ကမ္ဘာ လုံးရဲ့ သိပ်အရေးမကြီးဘူးလို့ထင်ခဲ့ကြတဲ့ အချက်အလက်တွေကို မြန်နှုန်းမြင့်တွက်ချက်ပေးနိုင်တဲ့ Software တွေဟာ ယနေ့ခေတ်မှာတော့ စက်မှုလုပ်ငန်းတိုင်းနီးပါး လိုအပ်နေတဲ့ အရေးပါတဲ့ လိုအပ်ချက်တစ်ခု ဖြစ်နေ ပါပြီ ။အထူးသဖြင့် စျေးကွက်ဖော်ဆောင်သူတွေအနေနဲ့ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှု အပေါ်မှာပိုပြီး သိပ္ပံနည်း ကျကျ ချဉ်းကပ်လာကြပါပြီ ။

သတင်းအချက်အလက်တွေဟာ စျေးကွက်ဖော်ဆောင်သူတွေရဲ့ အကြီးမားဆုံး ပိုင်ဆိုင်မှုအဖြစ် မြင်နိုင်ရခဲ့ သော်လည်း စိန်ခေါ်မှုတွေကတော့ရှိနေဆဲပါ။ ဥပဒေသစ်များပေါ်ထွက်လာခြင်း၊ စားသုံးသူ မျှော်လင့်ချက် ဆက် လက်မြင့်မားနေခြင်းနှင့် စျေးကွက်ဟောင်းကိုဖြိုဖျက်၍ စျေးကွက်သစ် တီထွင်ဖောက်ထွက်မှု ခေတ်စားလာခြင်း များကြောင့် အချက်အလက်များအား စီမံခန့်ခွဲပြီး အဓိပ္ပါယ်ဖော်ဆောင်ရမည့် လုပ်ငန်းပမာဏ အလွန်ကြီးမားလာ ပါတယ်။ ဒါတွေကို ကျော်ဖြတ်နိုင်ဖို့ဆိုရင်တော့၊ စျေးကွက်ဖော်ဆောင်သူတွေအနေနဲ့ စားသုံးသူအပေါ် ထိထိရောက်ရောက်ရှိနိုင်မယ့် သတင်းအချက်အလက်မျိုးတွေကို စုဆောင်းနိုင်ဖို့ လိုအပ်ပါတယ်။ အချက် အ လက်တွေကို အပြည့်အဝ အသုံးချနိုင်ဖို့ ထိန်းသိမ်းနေချိန်မှာပဲ ကိုယ့် ရဲ့ စျေးကွက် အနေအထားမှာ ဘယ်လို အံဝင်ခွင်ကျဖြစ်အောင် လုပ်မလဲဆိုတာကို ပြည့်ပြည့်စုံုံစုံ သိမြင်ထားရမှာဖြစ်ပါတယ် ။

Deep Customer Insights

Customer ရဲ့ အချက်အလက်တွေကို စုဆောင်းတဲ့ကိစ္စဟာ ဘယ်တော့မှပြီးသွားမှာ မဟုတ်ပါဘူး။ ကိစ္စရပ် တိုင်းမှာ စားသုံးသူဟာ company နဲ့အတူရှိနေတာဖြစ်ပြီး၊ သူတို့ တစ်ယောက်ချင်းစီရဲ့ အချက်အလက်တွေ ဟာ တစ်ဖြည်းဖြည်းနဲ့ ပိုမိုပြီးကြီးထွားလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် စျေးကွက်ဖော်ဆောင်သူတွေဟာ ပြစ်မှတ် ထား ဆွဲဆောင်နိုင်ဖို့ အသင့်ပြင်ထားရမှာပါ။ ဘာလို့ဝယ်ယူရလဲဆိုတာကို အတိအကျ ရှာဖွေနိုင် လောက်တဲ့အထိ ယနေ့ခေတ်နည်းပညာတွေဟာ ခေတ်မှီလာခဲ့ပြီး၊ ပြီးပြည့်စုံတဲ့ နောက်ဆက်တွဲ ထပ်ဆောင်း ဖြည့်စွက် ထောက်ခံ ချက်တွေနဲ့အတူ တုန့်ပြန်မှုတိုင်းကို ပိုပြီး နက်နက်နဲနဲ သုံးသပ်လာနိုင်ပါပြီ ။

စားသုံးသူရဲ့လိုအပ်ချက်ကို အပြည့်အဝနားလည်နိုင်စေဖို့ ကူညီစုစည်းပေးနိုင်တဲ့ နည်းပညာ အသစ်တစ်ခု ကတော့ Internet of Things (IoT) devices တွေကနေ အချက်အလက်တွေ ဆွဲထုတ်ရယူပေးနိုင်တဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ စျေးကွက်ဖော်ဆောင်သူတွေအနေနဲ့ လက်မှာဝတ်ဆင်နိုင်တဲ့ အသုံးအဆောင် ပစ္စည်းတွေနဲ့ ဉာဏ်ရည်မြင့် အိမ်သုံးပစ္စည်းတွေကနေတစ်ဆင့် စားသုံးသူရဲ့ လူနေမှုဘဝကို အပြည့်အဝ ပိုမို နားလည်သိရှိနိုင်ပြီး ၊ စားသုံးသူဟာ ဘယ်လို အချိန်တွေ မှာစျေးဝယ်ထွက်လေ့မရှိဘူးလဲ ၊ ဘယ်လို ကုန်ပစ္စည်း အမှတ်တံဆိပ်တွေကို သဘောကျ နှစ်သက်လဲဆိုတာတွေကိုပါ နားလည်သိရှိနိုင်မှာ ဖြစ်ပါတယ်။ စျေးကွက် ဖော်ဆောင်သူတွေအနေနဲ့ အသေးစိတ်လုှုပ်ရှားမှုအဆင့်တွေအထိ ဆွဲထုတ်ရယူနိုင်မှာပါ ။

ဥပမာ – အိမ်ထောင်ရှင် တစ်ယောက်အနေနဲ့ ရေခဲသေတ္တာကို အကြိမ်ရေဘယ်လောက် ဖွင့်သလဲဆိုတာကို မူတည်ပြီး သူတို့ရဲ ့အသေးစိတ် လူနေမှုဘဝအပေါ် သက်ရောက်နိုင်မယ့် ကုန်ပစ္စည်းနဲ့ ၊ ၀န်ဆောင်မှုတွေကို အဓိကထား ရောင်းချပေးနိုင်တာမျိုး ဖြစ်ပါတယ် ။

ဒီလို စားသုံးသူရဲ့ အချက်အလက်တွေကို စုစည်းပေးတဲ့ နည်းလမ်းအသစ်ဟာ စျေးကွက်ဖော်ဆောင်သူတွေကို စားသုံးသူရဲ့ ဘယ်လိုအရာတွေကို ၀ယ်ယူခဲ့လဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေထက် ပိုပြီးပြည့်စုံတဲ့ သတင်းအချက်အလက်ကို ပေးစွမ်းနိုင်ပါတယ်။ Customer ရဲ့ လိုအပ်ချက်နဲ့ ဘယ်လိုအရာတွေကို နှစ်သက် တတ်လဲဆိုတာကို ကောင်းကောင်းသုံးသပ်ပြီး ကောင်းမွန်ပြည့်စုံတဲ့ customer profile ကို ဖန်တီးဖို့ရာ ကူညီ ပေးပါတယ်။ အဆပေါင်းများစွာ တစ်ဟုန်ထိုး ကြီးထွားလာတဲ့ အချက်အလက်တွေကို စျေးကွက်ဖော်ဆောင် သူတွေအနေနဲ့ စနစ်တစ်ကျစီမံခန့်ခွဲဖို့ကတော့ တိတိကျကျ ထိုးထွင်းသိမြင်ဖို့ အတားအစီးတစ်ခု ဖြစ်နေဆဲ ပါ။

End-to-end visibility

အချက်အလက်တွေဟာ စားသုံးသူတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ တစ်ကယ့်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါ၀င် ပတ်သတ်နေတယ်ဆိုပေမယ့်လဲ၊ လုပ်ငန်းရှင်တွေအနေနဲ့ တစ်ကယ့်သက်ရောက်မှုကို တွက်ချက်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကို ရှာဖွေနေဆဲပါ။ ဘာလို့လဲဆိုတော့ အောင်မြင်မှုရဖို့ တိကျသေချာတဲ့ ရလာဒ် အတွက် လုပ်ငန်းရှင်တွေအနေနဲ့ နယ်ပယ်ပေါင်းများစွာကလာတဲ့ အချက်အလက်တွေကို တွက်ချက်နေရတာ ဖြစ်ပြီး၊ ဆုံးရှုံးသွားပြီဆိုရင်တော့ အချိန်ကုန်လူပန်းတာပဲ အဖတ်တင်မှာမို့ပါ။

ခေတ်မှီတဲ့ သတင်းအချက်အလက် သုံးသပ်မှုစနစ်တွေအနေနဲ့ကတော့ စျေးကွက် ဖော်ဆောင်သူတွေကို သူတို့ရဲ့ အားထုတ်မှုအတွက် ပြည့်စုံလုံလောက်တဲ့အမြင်ကို ပေးစွမ်းနိုင်မှာဖြစ်ပြီး သူတို့အနေနဲ့ Market နဲ့ တစ်ပြေးညီ Campaign တွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ စျေးကွက်ဖော်ဆောင်သူတွေဟာ အဖွဲ့အစည်းအတွင်း သတင်းအချက် အလက် မျှဝေသူတွေဖြစ်လာပြီး သူတို့ရဲ့ Return on Marketing Investment (ROMI) ကို သိသိသာသာ တိုးတက်လာစေပါတယ် ။

အချက်အလက်တွေ အရမ်းများပြားလာခြင်းနဲ့ စားသုံးသူတွေရဲ့ အချက်အလက်တွေဟာ ပိုပြီးခေတ်မှီလာခြင်း တွေဟာ စျေးကွက်ဖော်ဆောင်သူတွေရဲ့ အခွင့်အလမ်းတွေအတွက်တော့ အနှောက်အယှက်ဖြစ်နေခဲ့ပါတယ် ။ စျေးကွက်ဖော်ဆောင်သူတွေအနေနဲ့ အချက်အလက်တွေကို ဆက်လက်ထိန်းကြောင်းဖို့နဲ့ တစ်ကယ်အရေးပါ တဲ့ စားသုံးသူအစစ်အမှန်ကို ပိုပြီးနားလည်နိုင်ဖို့  နည်းစနစ်အသစ်တွေ ပေါ်ထွက်လာပြီး၊ အဲဒီ့ နယ်ပယ်ဟာ အချိန်နဲ့အမျှ ကြီးထွားလို့လာနေပါတယ်။ စျေးကွက်ဖော် ဆောင်သူတွေကို သူတို့လိုအပ်တဲ့ နည်းပညာ အကူ အညီ ပေးခြင်းဖြင့် ခေတ်သစ်စျေးကွက်ကိုရှာဖွေ အသွင်ပြောင်းနိုင်တဲ့ ရလာဒ်ကောင်းတွေ ရရှိနိုင်ပါလိမ့်မည် ။