သင်မသိသေးတဲ့ Digital McKinsey ရဲ့ အကြောင်း အချက် ငါးချက်။

ဖော်ပြပါ နည်းပညာ ဟာ McKinsey ရဲ့ ဆယ်စုနှစ်တာ ကြိုးပမ်းမှုမှာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ခေတ်ပေါ်နည်းပညာနဲ့ အကျွမ်းတဝင်ရှိပြီးသား လုပ်ငန်းတွေဟာ ပိုပြီး အောင်မြင်လေ့ရှိတယ်ဆိုတာ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ အားလုံးနဲ့ ရင်းပြီး ရဲရဲကြီး ပြောလို့ရပါတယ်။ အလင်းရဲ့ အမြန်နှုန်းလို ပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ ကျွန်တော်တို့ဟာ တဖြည်းဖြည်း တိုး တက် ပြောင်းမှုတွေနဲ့အတူ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ နယ်ပယ်အသစ်တွေကို ချဲ့ထွင်လာကြတဲ့ အချက်အချို့ကို တင်ပြ လိုက်ပါတယ် ။

WE HIRE DESIGNERS, CODERS, AND DATA ENGINEERS

Client တွေရဲ့ ပြောင်းလဲနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက်၊ သူတို့ကိုယ်တိုင်ကလဲ အပြောင်းအလဲတွေ လုပ်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီအတွက် သူတို့တွေဟာ မတူညီတဲ့ နယ်ပယ်အသီးသီးက မတူညီတဲ့ အရည်အချင်းရှိသူတွေ၊ မတူညီတဲ့ နောက်ခံရှိသူတွေနဲ့ အင်အားဖြည့်တင်းထားပါတယ် ။

Designer တွေ ၊ Coder တွေ ၊ Data Engineer တွေ ၊ Developer တွေ ၊ သွက်လက်တက်ကြွတဲ့ နည်းပြတွေနဲ့  စီးပွားရေး အကြံ ပေးတွေ စတဲ့ နယ်ပယ် (၆) ခုက ကျွမ်းကျင်ပညာရှင်ပေါင်း ၁၅၀၀ ကျော်ဟာ လက်ရှိ McKinsey ရဲ့ အစိတ်အပိုင်း တစ်ခုလို့ ပြောလို့ ရပါတယ်။ ဒီကျွမ်းကျင်ပညာရှင်တွေဟာ ကမ္ဘာအနှံ့အပြားက နည်းပညာပိုင်းမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီအချို့နဲ့ creative agency တွေ စီက လာခဲ့တဲ့လူတွေ ဖြစ်ပါတယ် ။

WE ARE COACHING AS WE GO

Client တွေရဲ့ ကုန်ပစ္စည်းသစ်တီထွင်မှု၊ ၀န်ဆောင်မှုတွေနဲ့ အတွေ့အကြံုတွေနဲ့ ပတ်သတ်တဲ့ စိတ်ကူးစိတ်သန်းတွေကို အကောင် အထည်ဖော်ရာမှာ ပုံစံ ရေးဆွဲ တည်ဆောက်ရုံသာမဟုတ်ပဲ Client ရဲ့ လုပ်ငန်းစဉ်တွေနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကိုပါ ပိုမို တိုးတက် ကောင်းမွန်စေဖို့ပါ ရည်ရွယ်ပါတယ်။ အဲ့ဒီအတွက် Client ဟာ သူတို့မပါပဲနဲ့လဲ ဆန်းသစ်တီထွင်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ  အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မှာပဲ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာ အသုံးချနိုင်ခြင်းဟာ ခေတ်ရှေ့ပြေးချင်းပါပဲ။  ပြသနာဖြေရှင်းရာမှာ ပုံစံငယ်တစ်ခု တည်ဆောက်ဖြေရှင်းပါ၊ လက်တွေ့စမ်းသပ်မှု နယ်ပယ်တစ်ခုကို တည်ဆောက်ပါ ။

ဥပမာ McKinsey ရဲ့ လုပ်ငန်း အချို့ကို ဥပမာ ပြရရင်တော့ —-

Digitizing a fast-food chain

သူတို့ဟာ စားသောက်ကုန် ပို့ဆောင်ရေး လုပ်ငန်းနယ်ပယ် တစ်ခုလုံးအတွက် ဆန်းသစ်မှုတစ်ခုဖြစ်တဲ့ Application နဲ့ website ကို Launch လုပ်ဖို့ ဒစ်ဂျစ်တယ် ယူနစ်တစ်ခုကို ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ဖွဲ့စည်းပြီး ပြီးပြည့်စုံတဲ့ Standalone Digital Center ဖြစ်လာဖို့ အကြိမ်ကြိမ်ကြိုးစား ဖန်တီးခဲ့ပါတယ်။  အခုဆိုရင်တော့ အဲ့ဒီ့ Model ဟာ အခြားသော စျေးကွက်တွေအတွက် စံနမူနာ ယူစရာ တစ်ခုဖြစ်လာခဲ့ပါပြီ။

Launching a new mobile-banking app

ထပ်မံပြီး သူတို့ဟာ ရက်သတ္တပတ် (၁၆) ပတ်အတွင်း အသုံးပြုသူတွေကို ငွေလွှဲနိုင်တဲ့ Application အသစ်တစ်ခုကို မိတ်ဆက်ပေး နိုင်ခဲ့ ပြီး အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန််ပြီး တစ်လအတွင်း ပြည်တွင်း Apple App Store မှာ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့တဲ့ အပြင် Transaction အကြိမ်ပေါင်း သောင်းချီပြီး ငွေလွှဲနိုင်ခဲ့ပါတယ်။

Using robotics to process life insurance

သူတို့ရဲ့ အသုံးပြုသူတွေဟာ consumers ချည်းသက်သက် မဟုတ်ပဲ employess တွေလဲဖြစ်နိုင်ပါတယ် ။ အသက်အာမခံ ကုမ္ပဏီ တစ်ခုမှာရှိတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ အတွေ့အကြံုကို လေ့လာသုံးသပ်ပြီးနောက် ဌင်းတို့ဟာ မြောက်များစွာသော လုပ်ငန်းဆောင်တာတွေကို အလိုအလျောက် ဆောင်ရွက်ပေးနိုင်တဲ့ robotic-process-automation tool တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ ဒီအရာက ၀န်ထမ်းတွေရဲ့ အချိန်တွေကိုအခြား လိုအပ်တဲ့နေရာတွေမှာ အသုံးချခွင့်ရစေပြီး၊ မူဝါဒ ပြောင်းလဲသတ်မှတ်မှုအတွက် အချိန်ကြာမြင့်မှု ကို ငါးဆယ်ရာခိုင်နှုန်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ် ။ Processing Cost ကို လဲ ၈၀ ရာနှုန်းလျှော့ချပေးနိုင်မှာပါ။

WE’VE GOT EIGHT NEW ADDRESSES

အကြံဉာဏ်ကောင်းတွေကို တစိုက်မက်မက်တွေးခေါ်ပြီး မဟာဗျူဟာဆွဲခြင်းဟာ ကနဦးအစပါပဲ။ ဒါပေမယ့် အသုံးပြုသူတွေရဲ့ အတွေ့ အကြံုက ပြသနာတစ်ခုဖြစ်နေပါတယ်။ ဒါကြောင့်လဲ သူတို့ရဲ့ Teams နဲ့ သူတိို့ရဲ့ Clients တွေ အနေနဲ့ နည်းပညာသစ်နဲ့ ပတ်သတ်တဲ့ အတွေ့အကြံုတွေကို အထိအတွေ့ရှိနေဖို့ လိုအပ်တယ်လို့ အပြည့်အဝယုံကြည်တာပါ။ Berlin, Toronto, New York, Singapore, Aachen, Chicago, Venice and Beijing စတဲ့ မြို့ကြီးတွေမှာ ကျွန်တော်တို့ဟာ Client တွေအတွက် နည်းပညာ အသစ် တွေကို ထိတွေ့နိုင်မယ့် နေရာတွေကို ဖွင့်ခဲ့ထားခဲ့ပြီဖြစ်ပါတယ် ။ အဲ့ဒီနေရာတွေမှာ  ဘာတွေပါ၀င်လဲဆိုတော့ – နည်းပညာပိုင်းမှာ ဦးဆောင် နေတဲ့ ကုမ္ပဏီတွေရဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို ထိတွေ့လေ့လာဖို့ နေရာတွေနဲ့ ကုန်ထုတ်လုပ်မှုအပိုင်းမှာ ဘယ်လို နည်းပညာ အတွေ့အကြံုတွေပေါ်မူတည်ပြီး ဘယ်လို အသွင်ပြောင်းနိုင်မယ်ဆိုတာကို လေ့လာသုံးသပ်နိုင်မယ့် အရာတွေပါ၀င်ပါတယ် ။

WE’RE AT THE CENTER OF A GLOBAL NETWORK OF LEADING TECH COMPANIES

Client တွေ ရဲ့ လုပ်ငန်းချဲ့ထွင်မှုကို ကူညီရာဖို့အတွက် နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ၀န်ဆောင်မှုတွေပါ၀င်တဲ့ သူတို့ရဲ့ Ecosystem ကိုလဲ တိုးချဲ့ခဲ့ပါတယ်။ ဒီနည်းပညာတွေဟာ ဌင်းတို့ Client တွေအတွက် အကြံဉာဏ်ကောင်းတွေ၊ တီထွင်ကြံဆ မှုတွေနဲ့ လုပ်ဆောင် နိုင်စွမ်းတွေကို ဆောင်ကြဉ်းပေးပါတယ်။ ထို့အပြင် Client တွေ ရဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်မှု တွေကိုလဲ လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ထပ်မံပြီးတော့လဲ သူတို့ရဲ့ ကိုယ်ပိုင် Technology Library ကိုလဲ အကောင်အထည် ဖော်ဆောင်လျက်ရှိပါတယ်။ Network ရဲ့ အကောင်းဆုံးနည်းပညာနဲ့ ကျွမ်းကျင်မှုတွေကို ရရှိထားခြင်းအားဖြင့် သူတို့ရဲ့ Client တွေဟာ စျေးကွက် လေ့လာသုံးသပ်ဖော်ဆောင်ရာမှာ ပိုမိုမြန်ဆန်မှု ရှိလာတာကိုတွေ့ရမှာပါ ။

WE’RE TAKING OUR IDEAS ON THE ROAD

Cannes, Paris, Lisbon, Barcelona, Hong-Kong, Bengaluru, Austin, Davos စတဲ့ နေရာဒေသတွေမှာလဲ Artificial Intelligence (မှတ်ဉာဏ်တု) ၊ Robotics ၊ တီထွင်ဆန်းသစ်မှု ၊ Design အစရှိတဲ့ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ပတ်သတ်တဲ့ topic တွေကို မိတ်ဆက်ဟောပြောတဲ့ Tradeshow တွေ ကိုလဲ ကျင်းပခဲ့ပါတယ်။

ဌင်းတို့ ကျင်းပပြီးစီးခဲ့တဲ့ Tradeshow တွေ ကတော့ –

  • Cannes Lions International Festival of Creativity, Cannes, France
  • VivaTech, Paris, France
  • WSJ D.Live Asia, Hong Kong
  • Web Summit, Lisbon, Portugal
  • Mobile World Congress, Barcelona, Spain
  • South by Southwest, Austin, USA
  • World Economic Forum, Davos, Switzerland
  • JSChannel Conference, Bengaluru, India

တွေပဲ ဖြစ်ပါတယ် ။

McKinsey ၏ Five things you may not know about Digital McKinsey head ဆောင်းပါမှ မှီငြမ်း ကောက်နှုတ်ဖော်ပြပါသည်။

#SAP #ERP #VANGUARDMYANMAR #SAPBusinessOne #Competitor