Data Visualization ဖြင့် သင့် လုပ်ငန်း၏ အနာဂတ်ကို ဘယ်လို မြင်နိုင်မလဲ ….။

သင့်လုပ်ငန်းရဲ့ အနာဂတ်ကို အာမခံနိုင်ဖို့အတွက် Data Visualization ဟာ အဓိကသော့ချက်ပါ။ ၂၀၁၆ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်ကနေ အလုပ်အကိုင်များရဲ့ အနာဂတ်လို့ခေါ်တဲ့ စာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ စာတမ်းအရ  ၂၀၂၀ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း မှာ ရှိတဲ့ အလုပ်အကိုင်ပေါင်း ၅ သန်းခန့်ဟာ အစားထိုးခြင်းခံရနိုင်ပြီး အောက်ဖော်ပြပါ အချက်အလက်များကြောင့် နောက်ထပ် အလုပ် အကိုင်ပေါင်း ၇.၁ သန်း အထိ ဆုံးရှုံးနိုင်တယ်လို့ဆိုပါတယ် –

  • မလိုအပ်ဘဲ ဝန်ထမ်းအများအပြားခန့်အပ်ခြင်း – ဥပမာ အလုပ်တစ်ခုပြီးမြောက်အောင် အမှန် တစ်ကယ်လိုအပ်သည့် ဝန်ထမ်းဦးရေထက် ပိုမိုခန့်အပ်ခြင်း။
  • စက်ကိရိယာများ – ဥပမာ လူတစ်ဦးမှ အမြဲတမ်း မောင်းနှင်နေစရာမလိုအပ်သည့် စက်ပစ္စည်း များတပ်ဆင် အသုံးပြုခြင်း။
  • ကြားလူများမထားရှိခြင်း – ဥပမာ ကြားလူများမထားရှိတော့ဘဲ သုံးစွဲသူများ သိလိုသည့် သတင်း အချက်အလက်များ၊ လုပ်ငန်းစဉ်များကို တိုက်ရိုက်အသိပေးခြင်း။

စတုတ္ထအကြိမ်မြောက် စက်မှုတော်လှန်ရေးကြောင့် အလုပ်အကိုင်တွေ ကွယ်ပျောက်သွားမှာ ၊ လူမှု-စီးပွားရေးဘဝတွေအပေါ် ဂယက်ရိုက်ခက်လာမှာကိုလည်း လူအများက ကြောက်ရွံ့လျက်ရှိပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့  စာတမ်းအရ ယင်းကဲ့သို့ ကျယ်ပြန့်စွာ ဂယက်ရိုက်ခက်မှုအတော်များများဟာ အောက်ပါနည်းပညာ (၇)ခု ကြောင့် ဖြစ်လာနိုင်မယ်လို့  ဆိုပါတယ် –

  • လူမှလုပ်သော အသိဉာဏ် (Artificial Intelligence)
  • သင်ယူတတ်သော စက်ပစ္စည်း (Machine Learning)
  • စက်ရုပ်နည်းပညာ (Robotic)
  • နာနိုနည်းပညာ (Nanotechnology)
  • 3-D ပုံနှိပ်ခြင်း (3-D printing)
  • မျိုးရိုးဗီဇပြုပြင်ခြင်း (Genetics)
  • ဇီဝနည်းပညာ (Biotechnology)

၂၀၂၀ ခုနှစ်မှာ အလုပ်အကိုင်ပေါင်း (၇.၁) သန်းခန့်ကွယ်ပျောက်သွားမယ်လို့  ခန့်မှန်းထားပေမယ့်လည်း သတင်းကောင်းအနေနဲ့ ကွန်ပျူတာပရိုဂရမ်ရေးဆွဲခြင်းတွေ ၊ သင်္ချာအတတ်ပညာ ၊ ဗိသုကာနှင့် အင်ဂျင်နီယာကဏ္ဍတွေမှာ အလုပ်အကိုင်သစ်ပေါင်း (၂)သန်းကျော် ပေါ်ပေါက်လာမှာ ဖြစ်တယ်လို့ဆိုပါ တယ်။ ယင်းခန့်မှန်းချက်အရ နည်းပညာ နဲ့ အခွင့်အလမ်းအသစ်တွေကို ရရှိနိုင်မှာဖြစ်ပြီး    ဥပမာ Data Visualization လို Dumb Data တွေ ကို Smart Data တွေ အဖြစ် ပြောင်းလဲပေးနိုင်တဲ့ နည်းပညာတွေ ဟာ သင့်လုပ်ငန်းကို ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူပြုနိုင်မှာပါ ။

အပြောင်းအလဲများနှင့်အသားကျစေခြင်း။

သင့်လုပ်ငန်းကို ခွဲခြမ်းစိတ်ဖြာခြင်းမှ ရရှိလာတဲ့  အချက်အလက်တွေဟာ  အမြဲပြောင်းလဲနေတဲ့ စျေးကွက်အတွင်း လုပ်ငန်းကို ပိုပြီး အသားကျနေစေဖို့  ကူညီပေးနိုင်ပါတယ် ။ Data Visualization ဖြင့် လုပ်ငန်းအချက်အလက်တွေကို အမြဲသိရှိနားလည်နေစေပြီး အချိန်နှင့်အမျှ ပြောင်းလဲနေတဲ့  သတင်း အချက်အလက်တွေကို တွက်ချက်ကာ လုပ်ငန်းကိုကောင်းမွန်စွာ ကိုင်တွယ်နိုင်မှာ ဖြစ်သလို  စားသုံးသူ များနှင့် စျေးကွက်အကြောင်း ပိုမိုနားလည်စေရန်လည်း ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ သင့် စားသုံး သူတွေ ဘယ်မှာရှိလဲ၊ ဘာလိုချင်လည်း နောက်ပြီး ဘာပြဿနာတွေ ကြုံတွေ့နေရလည်း စသဖြင့် သိရှိ နိုင်မှာပါ။ Data Visualization ဖြင့် ရရှိလာမည့် ပုံစံများ (pattern) ကိုအသုံးပြုပြီး လက်ရှိ စားသုံးသူ တွေကို ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ၊ စားသုံးသူအသစ်များ ဆွဲဆောင်နိုင်ပြီး စျေးကွက်ပိုင်ဆိုင်မှု တိုးတက်လာဖို့ စသည်ဖြင့် လိုအပ်တဲ့  အချက်အလက်တွေကို ရရှိနိုင်မှာဖြစ်ပါ တယ် ။

ရပ်မနေပါနှင့်၊ ရှေ့သို့ကြည့်ပါ

“လူတွေကို ဘာလိုချင်လည်းလို့ မေးရင်တော့ ပိုမြန်တဲ့မြင်းတွေလိုချင်တယ်လို့သာ ဖြေကြမှာပဲ” လို့ Henry Ford ကပြောခဲ့့ပါတယ်။ ဒါကြောင့်ပဲ ရှေ့ကိုကြိုတင်မြင်နိုင်ဖို့ အရေးကြီးတာပါ။ Data Visualization ဖြင့် သင့်လုပ်ငန်းအချက်အလက်များကို နောက်တစ်ဆင့်သို့ တိုးမြှင့်နိုင်မှာပါ။ အနာဂတ် ကို ကြိုတင်ခန့်မှန်းတဲ့ သုံးသပ်ချက်များကိုအသုံးပြုပြီး အနာဂတ်အလားအလာများကို ကြိုတင်ခန့်မှန်း နိုင်မှသာ စျေးကွက်အတွင်း ပြိုင်ဆိုင်သူများရဲ့ ရှေ့ကိုသင်ရောက်နေမှာပါ။ သင့် စားသုံးသူများရဲ့ ပြဿနာ များကို နားလည်လေလေ ဒီပြဿနာများကို ဖြေရှင်းပေးဖို့ နည်းလည်း ကောင်းများကိုရှာဖွေ ဖော်ထုတ် နိုင်လေလေဖြစ်ပါတယ် ။

အနာဂတ်ကြိုတင်ခန့်မှန်းခြင်းနည်းလမ်းဖြင့် အရင်ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေ ၊ စက်ဝန်းတွေ ၊ အတက် အကျတွေကို အသုံးပြုပြီး အနာဂတ်ညွှန်းကိန်းတွေကို သိရှိသဘောပေါက်နိုင်ပါတယ်။ ဒီ အနာဂတ် ညွှန်းကိန်းတွေကို အသုံးပြုပြီး လိုအပ်ချက်တွေ နဲ့ ကိုက်ညီမဲ့ ကုန်ထုန်လုပ်မှုကို တိုးမြှင့်နိုင်ပါတယ်။ အနာဂါတ်အလားအလာများကို စောစောကြိုတင်ခန့်မှန်းနိုင်မယ်ဆိုရင် စျေးကွက်ဟောင်းတွေမှာ ပြိုင် ဆိုင်နေရတာထက် စျေးကွက်အသစ်မှာ ပထမဆုံး ရောက်ရှိနေမှာ ဖြစ်ပါတယ်။

အပြောင်းအလဲကိုလက်ခံခြင်း။

McKinsey & Company ကထုတ်ပြန်တဲ့ ၂၀၁၆ ခုနှစ် အစီရင်ခံစာမှာ အလိုလျောက် အလုပ်လုပ်တဲ့ စက်ပစ္စည်းကိရိယာတွေဟာ အလုပ်အကိုင်တွေအကုန်လုံးကို ကွယ်ပျောက်စေမှာ တော့မဟုတ်ဘဲ အလုပ်အကိုင်အားလုံးအပေါ်မှာတော့ ကြီးကြီးမားမားသက်ရောက်မှုရှိမယ်လို့ ဆိုထားပါတယ်။ အခြား စကားနဲ့ပြောရမယ်ဆိုရင်တော့ အလုပ်တွေဟာ ပိုပြီးတော့ သတ်သတ်မှတ်မှတ်ရှိလာမယ်လို့ ဆိုလိုတာ ပါ။ ဒီအပြောင်းအလဲကို လက်ခံနိုင်ပြီး လိုက်ပြီးပြောင်းလဲ နိုင်မည့် လုပ်ငန်းတွေကတော့ အသက်ဆက်ဖို့ အသေချာဆုံးဖြစ်မှာပါ။ လွန်ခဲ့တဲ့နှစ် (၃၀)အတွင်းမှာပဲ နည်းပညာကြောင့် စျေးကွက်ပြောင်းလဲမှုတွေ ကြီးကြီးမားမားဖြစ်ခဲ့ပြီးပါပြီ။ ကွန်ပျူတာတွေ၊ စက်ကိရိယာတွေ၊ software နဲ့ application တွေဟာ ကျွန်တော်တို့ရဲ့ ဘဝတွေ၊ ရုံးခန်းတွေနဲ့ လုပ်ငန်းလည်ပတ်မှုပုံတွေကို ပြောင်းလဲခဲ့ပါတယ်။ နည်းပညာကို ကြောက်ရွံ့နေလို့မရဘဲ ကျွန်တော်တို့ရဲ့ ဘဝတွေနဲ့ အလုပ်တွေကို ပိုမိုလွယ်ကူစေတဲ့ ကိရိယာ တစ်ခု အဖြစ်နဲ့ လက်ခံသွားဖို့လိုအပ်ပါတယ်။

SAP BusinessObjects နှင့် အနာဂါတ်။

SAP ရဲ့ BusinessObjects Business Intelligence ဟာ သင့် ကုမ္ပဏီကို ကောင်းတဲ့အဆင့်ကနေ ကြီးကျယ်ခမ်းနားတဲ့ အဆင့်ရောက်အောင် ကူညီပေးနိုင်မယ့် အချက်အလက်ပုံဖော်ခြင်း Data Visualization နည်းပညာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေးဆိုင်ရာ စီမံခြင်းနှင့် အနာဂါတ်ကို ခန့်မှန်းပေးတဲ့ နည်းပညာကိုအသုံးပြုပြီး သင့်လုပ်ငန်းရဲ့ သတင်း အချက်အလက်တွေကို သုံးသပ် ကိုင်တွယ်နိုင်မယ့် ထိုးထွင်းသိမြင်မှုများ အဖြစ် ပြောင်းလဲလိုက်ပါ ။ Data Visualization နည်းပညာ နဲ့  သင့် ရဲ့

  • အချက်အလက်များကို ပုံဖော်ပြီး အချက်အလက်များအပေါ်အခြေခံထားတဲ့ ဆုံးဖြတ်ချက်တွေ ချလိုက်ပါ။
  • လုပ်ငန်းဆက်လက်ဖွံ့ဖြိုးဖို့အတွက် အနာဂါတ်အလားအလာများကို ကြိုတင်ခန့်မှန်းလိုက်ပါ။
  • လုပ်ငန်းဆောင်ရွက်မှုညွှန်းကိန်းတွေ ရယူပြီး လုပ်ငန်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ပါ၊
  • အခွင့်အလမ်းတွေကို စောင့်ကြည့်ခန်းမှန်းပြီး သင့် လုပ်ငန်းတိုးချဲ့ဖို့ နည်းလမ်းသစ်တွေကို ရှာဖွေလိုက်ပါ။

သင့်လုပ်ငန်းအတွက် SAP ၏ Business Intelligence Solution အကြောင်းကို အသေးစိတ် သိရှိနိုင်ရန်  contact@vanguardmm.com သို့  ဖုန်းနံပါတ် ၀၉ ၉၇၇၂၄ ၂၂၂၂ ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

#SAPB1 #VanguardMyanmar #ERPMyanmar #SAP #ERP