Trading, Sales & Distribution, Manufacturing လုပ်ငန်းများအတွက် MRP

MRP (Material Requirement Planning) ဆိုသည်မှာ မိမိလုပ်ငန်းတွင် လည်ပတ်နေသော ကုန်ပစ္စည်းများ၏ လိုအပ်ချက်ကို မိမိသတ်မှတ်ထားသော အချိန်ကာလတွင်လည်းကောင်း၊ သတ်မှတ်ထားသော ကုန်ပစ္စည်းအရေအတွက်ပေါ်တွင်လည်းကောင်း အလိုအလျောက်တွက်ချက်ပေးသော Software Module တစ်ခုြဖစ်ပါသည်။

ဥပမာအားြဖင့် ရောင်းအားကောင်းနေသော ကုန်ပစ္စည်းတစ်ခု (Item A) ကို လာမည့် (၃)လအတွက် မိမိ၏ဂိုထောင်တွင် အရေအတွက် (၁၀၀၀) အား စဉ်ဆက်မြပတ် ရှိချင်သည်ဟု လျာထားချက်တစ်ခုကို ထည့်သွင်းလိုက်သည်ဆိုပါစို ့။ MRP သည် ထိုလျာထားသည့် အချိန်နှင့် အအတွက်ပေါ်မူတည်၍ အောက်ပါအတိုင်း တွက်ချက်သွားမည် ဖြစ်ပါသည်။

၁။ Item A ကို လက်ရှိတွင် ရောင်းထားြပီး ပစ္စည်းမထုတ်ရသေးသော အရေအတွက်

၂။ Item A ၏ အရောင်း History

၃။ Item A သည် မည်သည့် item အမျိုးအစားြဖစ်သည်ကို ခွဲြခားသည့် (ဝယ်သူြပီးရောင်းချသည့် trading item သို ့မဟုတ် ထုတ်လုပ်သည့် production item)

၄။ အကယ်၍ Production item ြဖစ်သည်ဆိုပါကလည်း ထို item ကို ထုတ်လုပ်ရန်အတွက် ထည့်ရမည့် ကုန်ြကမ်းပစ္စည်း အမျိုးအမည်နှင့် အရည်အတွက်များကိုလည်း ထည့်သွင်းတွက်ချက်သွားမည် ြဖစ်ပါသည်။

၅။ ဝယ်ယူြခင်းကို တွက်ချက်ရာတွင် ထိုကုန်ပစ္စည်းကို supplier မှ မှာယူလျင် ြကာမည့်အချိန် (Lead time)၊ တစ်ခါမှာယူပါက အနည်းဆုံး မှာရမည့်အရေအတွက် (Minimum Quantity)၊ မှာယူသည့် အခေါက်ရေ (Order Multiple) အစရှိသည့် အချက်အလက်များစွာတို့ကို တွက်ချက်၍ သင့်ကို အောက်ပါ Recommendation များကို အလိုလျောက် ထုတ်ပေးမည်ြဖစ်ပါသည်။

၁။ မှာယူသင့်သည့် ကုန်အမှာစာ (ပစ္စည်းအရေအတွက်နှင့် မှာယူရမည့်အချိန်)

၂။ ထုတ်လုပ်ရမည့် ကုန်ပစ္စည်းြဖစ်ပါက ကုန်ထုတ်လုပ်မှု အမှာစာနှင့်အတူ ဝယ်ယူရမည့် ကုန်ြကမ်းပစ္စည်းအမှာစာ

၃။ မိမိတွင် ဂိုထောင်တစ်လုံးမကရှိပါက လိုအပ်သောကုန်ပစ္စည်းကို ဂိုထောင်တစ်ခုမှတစ်ခုသို့ ရွှေ့ေြပာင်းရန်စာ

အစရှိသည်များကို မိမိ၏ လိုအပ်ချက်ပေါ်မူတည်၍ တွက်ချက်ပေးသွားပါသည်။

ထို ့ေြကာင့် MRP သည် Trading, Sales & Distribution, Manufacturing အစရှိသည့်လုပ်ငန်းများတွင် အဓိက နေရာမှ ပါဝင်နေသော ကုန်ပစ္စည်း လိုအပ်ချက်ကို အချိန်နှင့် တစ်ေြပးညီတွက်ချက်ပေးနိုင်မည့် အရေးပါသော Software တစ်ခုြဖစ်ြပီး MRP သည် SAP Busines One တွင် Built in အြဖစ် ထည့်သွင်းထားသောေြကာင့် SAP Business One အသုံးြပုသူများသည် MRP မှတစ်ဆင့် မိမိတို ့၏ကုန်ပစ္စည်းလိုအပ်ချက်ကို လွယ်ကူစွာ တွက်ချက်နိုင်မည်ြဖစ်ပါသည်။

သင့်လုပ်ငန်းအတွက် SAP ၏ MRP Function အ ေကာင်းကို အသေးစိတ် သိရှိနိုင်ရန်  contact@vanguardmm.com သို့ ဆက်သွယ်မေးြမန်းနိုင်ပါသည်။